ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် ပြိုင်ဘက် အယ်လ်နာဆာအသင်းမှ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။
အယ်လ်ဟီလာအသင်းသည် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည့် နေမာကို စာချုပ်ဖျက်သိမ်းရန် စီစဉ်နေရာ ၎င်း၏နေရာတွင် စီရော်နယ်လ်ဒိုကို ပြန်လည်အစားထိုးရန် ဆန္ဒရှိလာခြင်းဖြစ်ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် လာမည့်ရာသီကုန်၌ အယ်လ်နာဆာနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်၍ အယ်လ်ဟီလာအသင်းက ခေါ်ယူရန် ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်းလည်း သိရသည်။
အသက် (၃၉)နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းတွင် ခြေစွမ်းပြနေသူဖြစ်ပြီး (၂) ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၈၄) ပွဲတွင် (၇၄) ဂိုးအထိ သွင်းယူထားသည်။
စီရော်နယ်လ်ဒိုသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် ကလပ်အသင်းများနှင့် နိုင်ငံအသင်းအတွက် (၉၀၈) ဂိုးအထိ သွင်းယူထားပြီး ဘောလုံးသမိုင်းတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည်။
စီရော်နယ်လ်ဒိုသည် အသက် (၃၉) နှစ်ကျော်ပြီဖြစ်သော်လည်း ပရိုကစားသမားဘဝ သွင်းဂိုး (၁၀၀၀) ပြည့်မြောက်ရန် ရည်မှန်းနေသည့်အတွက် ကစားသမားဘဝမှ အနားယူဖွယ်မရှိသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
