ယူဂန်ဒါတာဝေးအပြေးသမား ဘင်ဂျမင်ကီပလာဂတ်ကို ဓားဖြင့်ထိုးသတ်ခဲ့သူနှစ်ဦး ထောင်ဒဏ် ၃၅ နှစ်စီ ချမှတ်ခံရကြောင်း သိရသည်။
မီတာ ၃၀၀၀ တားဆီးကျော်အပြေးပြိုင်ပွဲများတွင် ယှဉ်ပြိုင်သည့် ယူဂန်ဒါအိုလံပစ်ကစားသမား ကီပလာဂတ် (၃၄ နှစ်) သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ကင်ညာနိုင်ငံ၊ အယ်လ်ဒိုရတ်မြို့အနီးတွင် ဓားထိုးခံရခြင်းဖြစ်ပြီး ၄င်း၏ရုပ်အလောင်းကို ကားအတွင်းတွေ့ရှိခဲ့ရသည်။
အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တစ်နှစ်နီးပါးအကြာတွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကီပလာဂတ်၏ မိခင်ဖြစ်သူက ကျူးလွန်သူနှစ်ဦးကို ထောင်ဒဏ်တစ်သက်ချမှတ်ရန် တောင်းဆိုခဲ့သော်လည်း တရားသူကြီး အန်ယာခွန်ဒီက ထောင်ဒဏ် ၃၅ နှစ်စီ ချမှတ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
ကင်ညာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း ထိပ်တန်းအဆင့် အားကစားသမားများ အသတ်ခံရမှု မကြာခဏဖြစ်ပွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
