ကူဒူစ်၏ ပွဲပယ်ပြစ်ဒဏ်ကို နှစ်ပွဲထပ်တိုးသဖြင့် ငါးပွဲပယ်ခံရမည်
24htopnews | November 8, 2024 4:12 PM CST
ဝက်စ်ဟမ်းအသင်း တောင်ပံကစားသမား မိုဟာမက်ကူဒူစ်၏ ပွဲပယ်ပြစ်ဒဏ်ကို နှစ်ပွဲထပ်တိုးလိုက်သဖြင့် စုစုပေါင်း ငါးပွဲပယ်ခံရမည်ဖြစ်ကြောင်း သိရသည်။
ကူဒူစ်သည် အောက်တိုဘာ ၁၉ ရက်က စပါးအသင်းအား အဝေးကွင်းတွင် (၄-၁) ဂိုးဖြင့် ရှုံးနိမ့်သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
၎င်းသည် ပြိုင်ဘက်အသင်းနောက်ခံလူ ဗန်ဒီဗန်ကို ပြစ်ဒဏ်ကျူးလွန်သဖြင့် အဝါကတ်သာပြခံရသော်လည်း ဗန်ဒီဗန်နှင့် ကွင်းလယ်လူ ပါပီမာတာဆားတို့နှစ်ဦး၏မျက်နှာကို လက်ဖြင့် တွန်းခဲ့သောကြောင့် အနီကတ်ပြခံရခြင်းဖြစ်သည်။
ကူဒူစ်အနေဖြင့် ကနဦးတွင် တိုက်ရိုက်အနီကတ်အတွက် သုံးပွဲပယ်ခံထားရပြီး ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို ဝန်ခံခဲ့သောကြောင့် ထပ်တိုးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ရာ ဒီဇင်ဘာမှသာ ပြန်လည်ကစားခွင့်ရတော့မည်ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
