နူနိုဆန်တိုအား စာချုပ်သစ် ချုပ်ဆိုရန် နော်တင်ဟမ် စီစဉ်
24htopnews | November 8, 2024 4:12 PM CST
နော်တင်ဟမ်ဖောရက်စ်အသင်းသည် အသင်းနည်းပြ နူနိုဆန်တိုအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။
နော်တင်ဟမ်ဖောရက်စ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ပရီးမီးယားလိဂ်မှတန်းမဆင်းရရန် ရုန်းကန်ခဲ့ရသော်လည်း ယခုရာသီ ပွဲစဉ် (၁၀) အပြီးတွင် ရမှတ် (၁၉) မှတ်ဖြင့် အဆင့် (၃) နေရာ ရပ်တည်နေသည်။
ထို့ကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းသည် အသင်းနည်းပြ နူနိုဆန်တိုအား လစာတိုးပေးကာ စာချုပ်သစ်ချုပ်ဆိုရန်စီစဉ် နေကြောင်း သိရသည်။
ပေါ်တူဂီလူမျိုးနည်းပြ နူနိုဆန်တိုသည် နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး လက်ရှိတွင် တစ်နှစ်လစာ ပေါင် (၂) သန်း ရရှိနေကြောင်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
