ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများ ၎င်းတို့နေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်အား ပိတ်ပင်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (B.E.2522)နှင့်အညီ နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များအား အထူးအလေးထား အရေးယူဆောင်ရွက်လျက်ရှိရာ ယင်းကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာခြင်း မရှိ(မရှိ)ဘဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် ဖော်ပြပါအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပါရှိသည်။
ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများ (မည်သည့်အထောက်အထားကိုင်ဆောင် လက်မှတ်ကိုင်ဆောင်သူမဆို) အနေဖြင့် တစ်ရက်လျှင် ဘတ် ၅၀၀ နှုန်းဖြင့် စုစုပေါင်း ၂၀၀၀၀ ထက်မပိုသော ဒဏ်ကြေးငွေအား လူဝင်မှုကြီးကြပ်ရေးဗျူရိုတွင် ချွင်းချက်မရှိ ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ ယင်းကဲ့သို့ သက်တမ်းလွန်နေထိုင်သူများအနေဖြင့် ၎င်းတို့ နေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်အား ပိတ်ပင်သွားမည်ဖြစ်ကြောင်း၊ ရက်ပေါင်း ၉၀ နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် တစ်နှစ်၊ တစ်နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် သုံးနှစ်၊ သုံးနှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ငါးနှစ်၊ ငါးနှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ၁၀ နှစ် စသည်ဖြင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်သည်။
ယင်းအတွက်ကြောင့် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား သတိပြုလိုက်နာခြင်းဖြင့် ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ ဒဏ်ကြေးပေးဆောင်ရခြင်းနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခံရခြင်းတို့ မဖြစ်ပွားစေရေး သတိပြုနိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
