ချယ်လ်ဆီးနည်းပြ မာရက်စကာက အာဆင်နယ်နှင့် ယှဉ်ပြိုင်ရမည့်ပွဲတွင် အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သော ပါလ်မာ ပါဝင်ကစားနိုင်ရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အင်္ဂလန်တိုက်စစ်ကစားသမား ပါလ်မာသည် မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည့်အတွက် ကွန်းဖရန့်လိဂ်ပွဲစဉ်အတွက် ပြုလုပ်ခဲ့သော လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် ချယ်လ်ဆီးနည်းပြ မာရက်စကာက ၎င်းကို ကွန်းဖရန့်လိဂ်ပွဲ လူစာရင်းတွင် ထည့်သွင်းခြင်းမပြုဘဲ အနားပေးခဲ့သည်။
သို့သော် အင်္ဂလန်လက်ရွေးစင်အသင်း၏ ယာယီနည်းပြ လီကာစလေကမူ အင်္ဂလန်အသင်းလူစာရင်းတွင် ပါလ်မာကို ထည့်သွင်းရွေး ချယ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပါလ်မာ၏ ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိဘဲ အာဆင်နယ်နှင့်ပွဲ၌ ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားနိုင်ရန် မာရက်စကာက အနားပေးခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်မှုများလည်း ရှိလာခဲ့သည်။
ကွန်းဖရန့်လိဂ်ပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်မူ မာရက်စကာက "ပါလ်မာက မနေ့က(အင်္ဂါနေ့) လေ့ကျင့်မှုမလုပ်နိုင်ခဲ့ပါဘူး။ သူ ကြံ့ခိုင်မှုမပြည့်ဝပါဘူး။ အာဆင်နယ်နဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
အာဆင်နယ်နှင့်ပွဲတွင် ဆန်ချိုလည်း ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
