နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေသည် အစ္စရေး၊ အီတလီတို့နှင့် ယှဉ်ပြိုင်ကစားမည့် ပြင်သစ်လက်ရွေးစင်အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။
ပြင်သစ်အသင်းသည် လာမည့် နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်တွင် UEFA Nations League ပြိုင်ပွဲ၌ အစ္စရေး၊ အီတလီတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းအတွက် လူစာရင်းထုတ်ပြန်ခဲ့ရာ နည်းပြ ဒေးရွှမ့်က အသင်းခေါင်းဆောင် ဘာပေကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။
ဘာပေသည် ယခုရာသီတွင် PSG အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားနေသူဖြစ်ပြီး ရီးယဲလ်အသင်းတွင် ပြသနေသည့် ၎င်း၏ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုများလည်း ရှိနေသည်။
ဘာပေသည် အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သော ပြင်သစ်အသင်း၏ ပွဲစဉ်နှစ်ပွဲကိုလည်း လွဲချော်ခဲ့ရပြီး ယခုအခါ အသင်းလူစာရင်းမှ ထပ်မံချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။
ယင်းအတွက် ဒေးရွှမ့်က "ကျွန်တော် ကစားသမားနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ သူက အသင်းကို လာချင်နေပါတယ်။ ဒါပေမဲ့ သူ့ကို ချန်လှပ်ခဲ့တာက ပိုကောင်းတဲ့နည်းလမ်းလို့ ကျွန်တော် ထင်ပါတယ်။ ဒါက သူ့ရဲ့ ကွင်းပြင်ပပြဿနာတွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ဒါကို နည်းစနစ်ပိုင်းအရပဲ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို အားလုံးလက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာလည်း ကျွန်တော် နားလည်ပါ တယ်"ဟု ပြောကြားခဲ့သည်။
ဘာပေသည် အေစီမီလန်အသင်းအား အိမ်ကွင်းတွင် (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်၌ ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ပြင်သစ်အသင်းအတွက် မရွေးချယ်သင့်ကြောင်း ထောက်ပြမှုများရှိခဲ့သလို၊ ယင်းပွဲတွင် ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်းလည်း သတင်းထွက်ခဲ့သည်။
ထို့ပြင် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်သည် ရီးယဲလ်မက်ဒရစ်အသင်း၏ တောင်းဆိုမှုအရ ဘာပေကို အရေးမကြီးသည့်ပွဲစဉ်များ၌ မရွေးချယ်ခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
