ရေပေးဝေမှုနှင့် မြစ်ချောင်းသယ်ယူပို့ဆောင်ရေးကို ထိခိုက်စေသည့် တောင်အမေရိကန်တွင် မိုးခေါင်မှုသည် အမေဇုန်မြစ်ဝှမ်းရှိ ကလေး ၄၂၀,၀၀၀ ကျော်အပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိကြောင်း UNICEF က နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
စံချိန်တင်မိုးခေါင်မှုသည် လှေဖြင့်ပို့ဆောင်ဆက်သွယ်ရေးအပေါ် မှီခိုနေရသည့် ဘရာဇီး၊ ကိုလံဘီယာနှင့် ပီရူးရှိ ဌာနေနှင့်အခြား လူ့အဖွဲ့အစည်းများအပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိသည်ဟုဆိုသည်။
“မိသားစုတွေ မှီခိုနေရတဲ့အရေးပါတဲ့ ဂေဟစနစ်တွေ ပျက်စီးနေတာမြင်တွေ့နေရပြီး ကလေးအများစုဟာ အစားအစာ၊ ရေ၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေကို လုံလုံလောက်လောက် မရရှိတဲ့အပြင် ပညာသင်ကြားခွင့်တွေပါ ဆုံးရှုံးနေပါတယ်”ဟု UNICEF အကြီးအကဲ ကက်သရင်းရက်ဆဲလ်ကဆိုသည်။
အစားအစာဖူလုံမှုမရှိခြင်းကြောင့် ကလေးငယ်များ အာဟာရချို့တဲ့နိုင်ခြေမြင့်တက်နေပြီး သောက်သုံးရေ အနည်းငယ်သာရရှိခြင်းသည် ကူးစက်ရောဂါများကို ပိုမိုမြင့်တက်နိုင်သည်ဟု ဆိုသည်။ ဘရာဇီး၏အမေဇုန်ဒေသတစ်ခုတည်း၌ပင် စာသင်ကျောင်း ၁၇၀၀ ကျော်နှင့် ဆေးခန်း ၇၆၀ ကျော်ကို ပိတ်ခဲ့ရ ခြင်းသို့မဟုတ် အသုံးမပြုနိုင်တော့ခြင်းတို့ ကြုံတွေ့နေရသည်။ကိုလံဘီယာ၏အမေဇုန်တွင် သောက်သုံးရေမရှိခြင်းကြောင့်ကျောင်းပေါင်း ၁၃၀ ကို ယာယီပိတ်ထားခဲ့ပြီးပီရူးတွင် ဆေးခန်း ၅၀ ကျော်ပိတ်ခဲ့ရသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
