လီဗာပူးလ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှ ပထမ ကစားသမားများအတွက် ကမ်းလှမ်းမှုများကို တားဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းတွင် နွေရာသီ၌ စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမားများရှိနေသည့်အတွက် ပြိုင်ဘက်အသင်းများက ဇန်နဝါရီတွင် ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေကြကြောင်း သတင်းထွက်ပေါ်နေသည်။
လီဗာပူးလ်အသင်း၏အဓိက ကစားသမားဖြစ်သည့် ဆာလာ၊ ဗန်ဒိုက်၊ အာနိုးလ်တို့မှာ ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်ဇန်နဝါရီတွင် ပြည်ပကလပ်အသင်းများနှင့် အပြောင်းအရွှေ့ကိစ္စရပ်များအတွက် တရားဝင်ဆွေးနွေးခွင့် ရရှိမည်ဖြစ်သည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် ဇန်နဝါရီတွင် အသင်းမှကစားသမားများ ထွက်ခွာမည်ကို တားဆီးရန် ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် အသင်းတွင် နေရာမရသည့် တိုက်စစ်ကစားသမား ခီယေဆာနှင့် ကွင်းလယ်ကစားသမား အန်ဒိုတို့ကိုလည်း ဇန်နဝါရီတွင် ထွက်ခွာခွင့်ပြုမည်မဟုတ်ဟို သိရသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပြိုင်ပွဲစုံ (၁၆) ပွဲတွင် (၁၄) ပွဲအထိ အနိုင်ရထားပြီး ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသလို၊ လိဂ်ဖလားပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ် တက်ရောက်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
