လေ့ကျင့်မှု ပြန်လည်ပြုလုပ်နေပြီဖြစ်သည့် အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါသည် ချယ်လ်ဆီးနှင့်ပွဲတွင် ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။
အသက် (၂၅) နှစ်အရွယ်ရှိ အော်ဒီဂွါသည် စက်တင်ဘာလအတွင်း ကစားခဲ့သည့် နိုင်ငံတကာရက်သတ္တပတ်အတွင်း နော်ဝေးလက်ရွေးစင်အသင်းအတွက် ကစားရင်း ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
အော်ဒီဂွါသည် အဆိုပါဒဏ်ရာကြောင့် တစ်လကျော် အနားယူခဲ့ပြီး ၎င်း မကစားနိုင်သည့်ကာလအတွင်း အာဆင်နယ်တိုက်စစ်ပိုင်းမှာ ဖန်တီးမှုအားနည်းခဲ့ပြီး ရလဒ်များလည်း ဆိုးရွားခဲ့သည်။
အော်ဒီဂွါသည် လက်ရှိတွင် အသင်းနှင့် လေ့ကျင့်မှုများ ပြုလုပ်နေပြီး အင်တာမီလန်ကို ရှုံးနိမ့်သည့်ပွဲတွင် ပွဲပြီးခါနီး၌ ကိုင်ဟာဗက်ဇ်အစား လူစားဝင်ကစားခဲ့သည်။
အော်ဒီဂွါသည် ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိသေးသော်လည်း အသင်းအနေဖြင့် ရလဒ်ကောင်းရရှိရန် လိုအပ်နေသည့်အတွက် နည်းပြ အာတီတာက ၎င်းကို ချယ်လ်ဆီးနှင့်ပွဲတွင် ပွဲထွက်စာရင်း၌ စွန့်စားအသုံးပြုဖွယ်ရှိကြောင်း သတင်းထွက်နေသည်။
အာတီတာသည် နွမ်နယ်ရီကိုလည်း ယင်းပွဲတွင် အသုံးပြုဖွယ်ရှိကြောင်း သုံးသပ်နေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
