ရီးယဲလ်မက်ဒရစ် - အိုဆာဆူနာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၇:၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်ကလည်း ဘာစီလိုနာနဲ့ အမှတ်ပြတ်သွားပြီဖြစ်လို့ လာလီဂါဘက်ကို သိပ်ပြီးအာရုံထားတော့မယ့်ပုံမပေါ်ဘူး။ ပုံမှန်အတိုင်းတစ်ပွဲချင်းကို ဖိအားမရှိအောင်ကစားသွားဖို့ပဲ များနေတယ်။ ဒါပေမဲ့ ကြားရက်ချန်ပီယံလိဂ်မှာလည်း အေစီမီလန်အသင်းကို အိမ်ကွင်းမှာပဲ ဂိုးပြတ်အရှုံးပေးခဲ့ရလို့ အခုပွဲကို တော့မဖြစ်မနေအနိုင်ကစားဖို့ လိုနေပါတယ်။ ရီးယဲလ်မက်ဒရစ်ရဲ့ လက်ရှိအခြေအနေက ကွင်းတွင်း၊ ကွင်းပြင်အားနည်းချက်တွေ၊ ပြဿနာတွေများနေပြီး နိုင်ပွဲတွေကပဲ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ကူညီပေးနိုင်မှာပါ။ အိုဆာဆူနာက ခုတလော ခြေမှန်နေတယ်ဆိုပေမယ့် အစဉ်အလာအရ ရီးယဲလ်မက်ဒရစ်ကို ယှဉ်နိုင်စွမ်း သိပ်မရှိလှသလို ကစားရမှာကလည်း ဘာနေဗျူးကွင်းမှာဖြစ်လို့ အိုဆာဆူနာအတွက် ဂိုးပြတ်မရှုံးရင်ဘဲ ကျေနပ်ရပါလိမ့်မယ်။ ရီးယဲလ်မက်ဒရစ်နဲ့ ဂိုးအများပဲကြိုက်တယ်။
ဗီလာရီးယဲလ် - အလာဗတ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက် ည ၉:၄၅ နာရီ)
လက်ရှိအလာဗတ်စ်ရဲ့ အဝေးကွင်းကစားအား၊ ဂိုးသွင်းနှုန်းနဲ့တော့ အိမ်ကွင်းဆိုရင် မာမာကျောကျောတုံ့ပြန်တတ်တဲ့ ဗီလာရီးယဲလ်ကို ပြန်ခြိမ်းခြောက်ဖို့မလွယ်ကူပါဘူး။ ဗီလာရီးယဲလ်ရဲ့ အိမ်ကွင်းခြေစွမ်းအရဆို ဒီကောင့်ကိုမီဖို့မလိုက်တော့ပါဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲရွေးမယ်။
လီဟာနက်စ် - ဆီဗီလာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် နံနက် ၂:၃၀ နာရီ)
ဆီဗီလာက ခြေစွမ်းအတက်အကျရှိနေတုန်းပဲ။ ခံစစ်ပိုင်း တက်လာပေမယ့် တိုက်စစ်ပိုင်းနဲ့ ဂိုးရနှုန်းကပုံမှန်မရှိသေးဘူး။ လီဟာနက်စ်ကလည်း အိမ်ကွင်းမာပြီး ခုနောက်ပိုင်းတိုက်စစ်ပိုင်းကို ပိုဖွင့်ကစားလာနေတာလည်းတွေ့ရတယ်။ ကစားပုံကလည်း မာကျောမှုရှှိလို့ ဆီဗီလာကိုကောင်းကောင်းတုံ့ပြန်နိုင်ဖို့လည်း များနေတယ်။ အစဉ်အလာအရ ဆီဗီလာသာပေမယ့် လက်ရှိခြေစွမ်းအရတော့ ဆီဗီလာနဲ့ ဂိုးအများပါပဲ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
