မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မရဲစခန်းမှ နယ်ထိန်းဖြစ်သူ ဒုရဲအုပ်အောင်ကျော်မင်း မှာ စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ဒုရဲအုပ်အောင်ကျော်မင်း မှာ ၎င်းစီးနင်းနေသည့် မော်တော်ယာဉ် ဘီးပေါက်သည်ကိုပြင်ဆင်ရန် လမိုင်းမြို့၊ လမိုင်း - ကော့ဒွတ်သွား ကားလမ်းဘေးရှိ တာယာပြင်ဆိုင်တွင် ကားပေါ်မှဆင်းနေစဉ် အမည်မသိသေနတ်သမားများမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
“သူ (ဒုရဲအုပ်အောင်ကျော်မင်း) က လမိုင်းမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင်လို့ သိရတယ်။ လမိုင်းကနေ ကော့ဒွတ်ရွာသွားတဲ့လမ်းမှာ သူ့ကားဘီးပေါက်ကတာကိုပြင်ဖို့ တာယာဆိုင်မှာ ကားပေါ်ကဆင်းတဲ့အချိန်မှာ သေနတ်သမားတွေရောက်လာပြီး (၁၂) ချက်လောက်ပစ်သွားတာ။ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု အဆိုပါ ဒေသခံ ပြောကြားသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာမှ ဒုရြအုပ်အောင်ကျော်မင်း ၏ ရုပ်အလောင်းအား လမိုင်းမြို့ရှိ တိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း နှင့် လမိုင်းမြို့အဝင်အထွက်နေရာများနှင့် လမိုင်း - ကော့ဒွတ်ရွာသွားကားလမ်းတစ်လျှောက် ပိတ်ဆို့စစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက် ည (၁၁) နာရီအချိန်ခန့်ကလည်း လမိုင်းပရဟိတလူငယ်များအဖွဲ့မှ မင်းလင်းအောင် အသက် (၂၁) နှစ် မှာ လမိုင်းလူငယ်ပရဟိတအဖွဲ့ရုံးမှ နေအိမ်သို့ပြန်လာစဉ် လမိုင်းမြို့၊ နောင်တော်ကြီးစေတီဘေးလမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်း၏ ရုပ်အလောင်းကိုမူ လမိုင်းရဲစခန်းဘေးတစ်နေရာသို့ ရောက်ရှိနေသည်ကို တွေ့ခဲ့ရကြောင်း လမိုင်းမြို့ခံများ၏ပြောကြားချက်များအရ သိရသည်။
Photo - CJ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
