မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝင်တစ်ဦး၏ နေအိမ်အပါအဝင် နေအိမ် (၃) လုံးအား အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်နေသည်ဟုဆိုကာ ပြီးခဲသည့် စက်တင်ဘာလ (၁၉) ရက် နှင့် (၂၀) ရက်များက ချိပ်ပိတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ ဦးမုတ်ဆိတ် ဆိုသူ၏ နေအိမ်အား အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်နေသည်ဟုဆိုကာ စက်တင်ဘာလ (၁၉) ရက်က သက်ဆိုင်ရာမှ ချိပ်ပိတ်ခဲ့ကြောင်း၊ ထို့အတူ ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးစိုးထိုက် ၏ နေအိမ်ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်နေသည်ဟုဆိုကာ သက်ဆိုင်ရာမှ ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
“ဦးစိုးထိုက်တို့က မိသားစုလိုက် တိမ်းရှောင်နေကြတာလို့ သိရတယ်။ သူတို့အိမ်ကတော့ အလွတ်ကြီးဖြစ်နေတာတော့ ကြာပြီး။ စက်တင်ဘာလ (၁၉) ရက်မှာ သက်ဆိုင်ရာက စာတမ်းတွေချိတ်ပြီးတော့ ချိပ်သွားတာပါ” ဟု ဒေသခံတစ်ဦး က ပြောကြားသည်။
အလားတူ ဘီးလင်းမြို့နယ် အလူးကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဒေါ်အေးသီတာ ၏ နေအိမ်ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်နေသည်ဟုဆိုကာ စက်တင်ဘာလ (၂၀) ရက်က သက်ဆိုင်ရာမှ ချိပ်ပိတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ဘီးလင်းမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်သီရိရတနာ၏ နေအိမ်အပါအဝင် NLD ပါတီဝင်များ၊ ပါတီဝန်းရံသူများ နေအိမ်တချို့ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်နေသည်ဟုဆိုကာ ချိပ်ပိတ်ခံထားရကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
