မြန်မာအလှမယ် ဟန်လေး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်တွင် စက်တင်ဘာ ၂၁ ရက်က ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။
အလှမယ်ဟန်လေးသည် စက်တင်ဘာ ၁၈ ရက်က ဗီဇာကိစ္စအတွက် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လာစဉ် စက်တင်ဘာ ၂၁ ရက်တွင် သုဝဏ္ဏဘူမိလေဆိပ်၌ ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
အလှမယ်ဟန်လေးသည် ၂၀၂၁ ခုနှစ် မတ် ၇ ရက်က ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် Miss Grand 2020 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ်တစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ ပြိုင်ပွဲစင်မြင့်၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများအပေါ် သူ၏သဘောထားကို ထုတ်ဖော်ပြသမှုလည်း ပြုလုပ်ခဲ့သူဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၆၀ ကျော်မှ အလှမယ်များနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အလှမယ်ဟန်လေးသည် Top 20 Finalist အလှမယ်စာရင်းအထိ ပါဝင်ခဲ့သည်။
အဆိုပါပြိုင်ပွဲအပြီးတွင် ဟန်လေးသည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ပြီး အနုပညာအလုပ်များကို လုပ်ကိုင်ခဲ့သည်ဟု သိရသည်။
အလှမယ်ဟန်လေးသည် Miss Universe Mandalay 2015 ဆု၊ Miss Universe Myanmar 2015 1st Runner Up ဆုများကိုလည်း ရရှိခဲ့သည့် အလှမယ်တစ်ဦးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
