သီပေါမြို့ရှိ သီတဂူစက္ခု ဒါန ဆေးရုံတွင် ၄၉ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအဖြစ် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဖွင့်လှစ်ကုသခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း ၁၂၄၉ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိဝေဒနာရှင် ၄၆၅ ဦးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း ဆေးရုံမှတ်တမ်းအရ သိရှိရသည် ။ အဆိုပါ ခွဲစိတ်ကုသပေးခဲ့သည့် အရေအတွက်မှာ ယခင်အကြိမ်များထက် ပိုမိုများပြားခဲ့ပြီး စံချိန်တင်ခဲ့သည်ဟု သီပေါ မဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးပညာသီရိက မိန့်ကြားခဲ့သည် ။
သီပေါမြို့ရှိ သီတဂူစက္ခု ဒါန ဆေးရုံမှာ ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ ၄ လတစ်ကြိမ် မျက်စိခွဲစိတ်မှုများ ပြုလုပ်ပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ နောက်ပိုင်း ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအရ ခေတ္တရပ်နားထားခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှစတင်ကာ ပြင်ပလူနာဌာန OPD ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည် ။
" ၄၇ ကြိမ်မြောက်က ၂၀၂၁ ဇွန်လမှာ ဖွင့်လှစ်ကုသခဲ့ပြီး ၄၈ ကြိမ်မြောက်ကို ၂၀၂၂ မေလမှာ ဆောင်ရွက်ခဲ့တယ် ။ အဲ့ဒီကြားထဲမှာ လိုအပ်ချက်အရ ဆေးရုံမှာ OPD ဖွင့်လှစ်ပြီး ကုသမှုတွေ လုပ်ခဲ့သေးတယ် ။ OPD က ၂၀၂၁ ခုနှစ် ၂ လပိုင်းမှာ စဖွင့်ပြီး ၂၀၂၂ တစ်လပိုင်းမှာ ပြန်ပိတ်ခဲ့တယ် ။ အခု ၄၉ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုက တစ်ရက်ကို လူဦးရေ ၉၀ ကျော်နဲ့ အားလုံး ၄၆၅ ဦး ခွဲစိတ်ပေးခဲ့ရလို့ အရင် အကြိမ်တွေထက် စံချိန်ကျိုးတယ် ။ အရင်အကြိမ်တွေက ဒီလောက်မများခဲ့ဘူး ။ ပုံမှန် ၂၅၀ ၊ ၃၀၀ ဝန်းကျင်ပဲရှိခဲ့တာ ။ အခု ဆေးရုံစဖွင့်တဲ့ ၁၄ နှစ်အတွင်းမှာ စမ်းသပ်ပေးခဲ့တဲ့ လူနာပေါင်း ၃၁၈၃၉ ယောက်နဲ့ ခွဲစိတ်ကုသပေးခဲ့သူက ၇၂၀၉ ယောက် ရှိပါပြီ ။ အကုန်လုံး အခမဲ့ချည်းပါပဲ ။ ခုလို လူနာတွေ အများကြီးကို ကုသပေးနိုင်ဖို့ ပိုက်ဆံတော့ အများကြီးလိုတာပေါ့ ။ ဒါကြောင့် လာရောက်လှူ ဒါန်းကြတဲ့ အလှူ ရှင်တွေကို ကျေးဇူးတင်ပါတယ် "ဟု ဆရာတော် ဦးပညာသီရိက မိန့်ကြားခဲ့သည် ။
သီပေါ သီတဂူစက္ခု ဒါနဆေးရုံသို့ မျက်စိလာရောက်ကုသသူများမှာ ရှမ်းပြည်နယ်အတွင်းရှိ သိန္ဒီ ၊ ကွတ်ခိုင် ၊ နမ့်စန် စသည့် ဒေသများအပြင် ပုဂံညောင်ဦး ၊ ရေစကြို ၊ ပခုက္ကူ စသည့် မြေပြန့်ဒေသများမှလည်း လာရောက်ကုသလျက်ရှိကြောင်း သိရသည် ။
သီပေါ သီတဂူစက္ခု ဒါန ဆေးရုံ မှာ လက်ရှိတွင် မျက်စိကုသမှုပေါင်း ၃၂၀၀၀ နီးပါးနှင့် ခွဲစိတ်ကုသမှုပေါင်း ၇၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည် ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
