တစ်ကျပ်သား ငါးမူးသား နှင့် တစ်မတ်သား ရွှေဒင်္ဂါးပြားများအား ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးတွင် စက်တင်ဘာ ၂၃ ရက်မှ စတင်ရောင်းချမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက် ညပိုင်းက နိုင်ငံပိုင်သတင်းဌာန၏ ကြေငြာချက်အရသိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ စက်တင်ဘာ ၂၃ ရက်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စတင်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။
စက်တင်ဘာ ၁၄ ရက်မှ စတင်ကာ ရွှေဒင်္ဂါးပြားများအား နေပြည်တော်ကျောက်မျက်ရတနာခန်းမတွင် တစ်ကျပ်သား ၂၈ သိန်းဖြင့် ရောင်းချပေးခဲ့သည်။
ကမ္ဘာ့ရွှေစျေးနှုန်းအပေါ် အခြေခံတွက်ချက်ကာ စျေးနှုန်းသတ်မှတ်၍ ရွှေဒင်္ဂါးပြားများကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် ဦးကျော်သူထွန်းက ဖြေကြားထားသည်။
နေပြည်တော်ရှိ ကျောက်မျက်ရတနာပြတိုက်တွင် စက်တင်ဘာ ၁၆ ရက်အထိ ရွှေဒင်္ဂါးပြား အလေးချိန် လေးပိသာကျော် ရောင်းချထားရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
