ထားဝယ်-မြိတ် ကားလမ်း မိုင်တိုင်အမှတ် ၁၀၂ နှင့် ၁၀၃ ကြားတွင် ခရီးသည်ယာဉ်တစ်စီး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသဖြင့် ယာဉ်မောင်းနှင့်ခရီးသည်တစ်ဦး မိုင်းစထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
စက်တင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီ ခန့်တွင် ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ယာဉ်မောင်း အောင်ဌေး (ခ) မင်းမင်း မောင်းနှင်၍ ယာဉ်နောက်လိုက် ဇော်လွင် (ဘ) ဦးမြင့်လွင်နှင့် ကော့သောင်းမြို့မှ ခရီးသည်အမျိုးသားလေးဦး၊ အမျိုးသမီးတစ်ဦး၊ ပေါင်း ငါးဦး လိုက်ပါလာသည့် ယူတင်အိုအေစစ် အမည်ရှိ ခရီးသည်တင် Townace အမျိုးအစား ယာဉ်အား ထားဝယ်-မြိတ်ကားလမ်း မိုင်တိုင်အမှတ် ၁၀၂ နှင့် ၁၀၃ အကြားတွင် PDF များက လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ယာဉ်အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အောင်ဌေးနှင့် ခရီးသည် မခက်ခက်လှိုင်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
