အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင် (APSC) မူဘောင်မှ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး (The Sixteenth ASEAN Ministerial Metting on Transnational Crime – AMMTC) ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်ကျင်းပလျက်ရှိရာ (၁၆) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်၍ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရဲချုပ်တာဝန်အား ပူးတွဲထမ်းဆောင်နေသည့် ဗိုလ်ချုပ်ဇင်မင်းထက် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်ရဲအရာရှိကြီးများက နေပြည်တော်ရုံးအမှတ် (၈)၊ အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ 16th AMMTC အစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံမှ ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များ ဦးဆောင်၍ အဆင့်မြင့်အရာရှိကြီးအဆင့်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ASEANAPOL၊ DGICM တို့မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
16TH AMMTC စုံညီအစည်းအဝေးတွင် သဘာပတိ ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး H.E.Samdech KralahormSar Kheng က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာဆီယံဒုတိယအတွင်းရေးမှူးချုပ် H.E.R.M.Michale Tane က အာဆီယံဒေသတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံမူဘောင်များနှင့်ကိုက်ညှိ၍ AMMTC လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့အတူ AMMTC ယန္တရားအောက်ရှိ အစည်းအဝေးများဖြစ်သော DGICM၊ SOMTC နှင့် ASEANAPOL ဥက္ကဋ္ဌများက ၎င်းတို့နှင့် သက်ဆိုင်ရာအစည်းအဝေးရလဒ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ AMMTC ခေါင်းဆောင်ဝန်ကြီးများက နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရာတွင် နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ကြိုးပမ်းဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်မှုသည် နိုင်ငံဖြတ်ကျော်သည့် သဘောသဘာဝရှိခြင်းကြောင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရန် လိုအပ်ကြောင်း၊ လက်နက်မှောင်ခိုမှုခင်းများသည် ဒုစရိုက်ဂိုဏ်းများ၊ အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့များကဲ့သို့သော Non-State-Actor များအတွက် အထောက်အကူပေးနိုင်ရုံသာမက လူ့အသိုင်းအဝိုင်းများ၏ လုံခြုံဘေးကင်းမှုအပေါ်တွင်လည်း ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုနှင့် လက်နက်မှောင်ခိုမှု ချိတ်ဆက်နေသဖြင့် တစ်ပေါင်းတည်း တိုက်ဖျက်ရန်လိုအပ်ကြောင်း၊ နိုင်ငံဖြတ်ကျော်လူကုန်ကူးမှု၊ လူမှောင်ခိုမှုများတွင် နယ်စပ်ဖြတ်ကျော်ခြင်း (Border Crossing) သည် အဓိက ဖြစ်၍ အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများအကြား၊ နယ်စပ်ဒေသနေ လူ့အသိုင်းအဝိုင်းများအကြား ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်နိုင်မည့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များအပေါ် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က ဆွေးနွေးပြောကြားသည်။
ထို့အတူ နိုင်ငံများအနေဖြင့် တရား ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား သတင်းအချက်အလက်ဖလှယ်မှု ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ပြုလုပ်သင့်ကြောင်း၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANPOL) တို့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံမှ ဝင်ရောက်စွက်ဖက်ခြင်းမျိုးမဟုတ်ဘဲ မိမိတို့နိုင်ငံအလိုက် ပြဋ္ဌာန်းထားသော ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာဥပဒေများနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားသည်။
16th AMMTC စုံညီအစည်းအဝေးတွင် လူကုန်ကူးမှု၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များကို လူကုန်ကူးမှုတိုက်ဖျက်ရေး အာဆီယံကွန်ဗင်းရှင်း (ACTIP) အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားလှယ်များအတွက် လုပ်ငန်းလမ်းညွှန် (TOR) နှင့် (၁၆) ကြိမ်မြောက် AMMTC အစည်းအဝေးပူးတွဲကြေညာချက်ကို အတည်ပြုခြင်းကို ဆောင်ရွက်ခဲ့ပြီး (၁၆) ကြိမ်မြောက် AMMTC စုံညီအစည်းအဝေးကို မွန်လွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၏ ဝန်ကြီးအဆင့်အစည်းအဝေးများကို စက်တင်ဘာ ၂၂ ရက်တွင် ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
