ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြ စတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုနှင့်ပတ်သက်၍ လာမည့် စက်တင်ဘာ ၂၉ ရက် ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။
နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် စက်တင်ဘာ ၂၂ ရက်က မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဒုတိယဝန်ကြီးဟောင်းဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို အကျဉ်းထောင်အတွင်းမှ ရုံးထုတ်ခဲ့ပြီး ဝန်ကြီးဟောင်း ဦးစိုးဝင်းသည် ထောင်ပြင်ပမှ ရုံးချိန်းလာရောက်ခဲ့ကြောင်း သိရသည်။
ယင်းရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုနှင့်ပတ်သက်၍ အမိန့်ချမှတ်ရန် သင့် မသင့် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ စက်တင်ဘာ ၂၉ ရက်တွင် ချိန်းဆိုထားသောရုံးချိန်း၌ အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်းနှင့် ယင်းအမှုတွင် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်ကို မူရင်းစွဲဆိုထားသည့် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) ဖြင့် စွဲချက်တင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဟောင်း သုံးဦးအား ပုဒ်မ ၃ (၁) (ဂ)/၉ (အားပေးကူညီမှု) ဖြင့် စွဲချက်ထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
