စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက လက်ကိုကြိုးဖြင့်တုပ်၍ ပီနံအိတ်အတွင်းထည့်ကာ ဓာတ်ဆီလောင်းမီးရှို့သတ်ဖြတ်ခံထားရသည့် အသက် (၂၀) ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)ထံမှ စုံစမ်းသိရသည်။
အဆိုပါအမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို မုံရွာမြို့ စက်မှုဇုန်အနီး မြို့ပတ်လမ်းဘေး၌ လက်အားကြိုးဖြင့်တုပ်ထားပြီး ဦးခေါင်းဒဏ်ရာနှင့် ပီနံအိတ်အတွင်းထည့်ကာ ဓာတ်ဆီလောင်၍ မီးရှို့သတ်ဖြတ်ခံထားရသည်ကို တွေ့ရှိခဲ့ရကြောင်း အထက်ပါလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့အဖွဲ့ ဖုန်းသတင်းရလို့ထွက်ခွာတာက မနက်(စက်တင်ဘာ ၂၃ ရက်) ၉ နာရီ ၄၀ မိနစ်လောက်မှာဖြစ်ပါတယ်။ အမျိုးသမီးရဲ့အသက်ကတော့ ခန့်မှန်းခြေအသက် ၂၀ ဝန်းကျင်အရွယ်လို့ ခန့်မှန်းရပါတယ်။ သူ့ကို လက်မှာကြိုးနဲ့တုပ်ထားတယ်။ ဦးခေါင်းမှာလည်း ရိုက်နှက်ခံထားရတဲ့ပုံစံနဲ့ ဒဏ်ရာတွေ့ရတယ်။ ပီနံအိတ်ထဲမှာထည့်ပြီးတော့ ဓာတ်ဆီလောင်းပြီး မီးရှို့ထားတာတွေ့ရပါတယ်။ ဓာတ်ဆီလောင်းပြီးတော့ မီးရှို့ထားခဲ့ပေမယ့် မုံရွာမှာညကမိုးရွာနေတော့ သူ့ရဲ့ခန္ဓာကိုယ်ကိုအကုန်လောင်မသွားတာကိုလည်း တွေ့ရပါတယ်။ သူ့ရဲ့မျက်နှာကတော့ မီးလောင်ထားတော့ ကွဲကွဲပြားပြားမသိရတော့ပါဘူး” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါမီးရှို့သတ်ဖြတ်ခံထားရသည့် အမျိုးသမီးရုပ်အလောင်းကို မုံရွာပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အမည်မသိအမျိုးသမီးတစ်ဦး(စိစစ်ဆဲ)သတ်ဖြတ်ခံခဲ့ရသည့် လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
