မော်လိုက်မြို့အနီးကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု စက်တင်ဘာ ၂၃ ရက်က လှုပ်ခတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
စက်တင်ဘာ ၂၃ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၄၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၇၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၈၆ ဒီဂရီ၊ အနက် ၅၁ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု ထုတ်ပြန်သည်။
စက်တင်ဘာ ၁၅ ရက် နံနက် ၄ နာရီခွဲခန့်တွင် မင်းကင်းမြို့အနီးကို ဗဟိုပြု၍လည်းကောင်း၊ စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီခန့်တွင် ရေတာရှည်မြို့အနီးကို ဗဟိုပြု၍လည်းကောင်း အင်အားအနည်းငယ်ရှိသော မြေငလျင်များ လှုပ်ခတ်သွားကြောင်း သိရသည်။
စက်တင်ဘာ ၈ ရက် မြန်မာစံတော်ချိန် နံနက် ၅ နာရီကျော်ခန့်တွင် ဟုမ္မလင်းမြို့အနီးကို ဗဟိုပြု၍လည်းကောင်း၊ စက်တင်ဘာ ၇ ရက် နံနက် ၂ နာရီခန့်တွင် တွန်းဇံမြို့အနီးကို ဗဟိုပြု၍လည်းကောင်း အင်အားအနည်းငယ်ရှိသော မြေငလျင်များ လှုပ်ခတ်ခဲ့သည်။
သြဂုတ် ၂၅ ရက်နှင့် ၁၃ ရက်တို့တွင် မော်လိုက်မြို့အနီးကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုနှင့် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။
သြဂုတ် ၂ ရက် ည ၇ နာရီကျော်ခန့်တွင် ခန္တီးမြို့အနီးကို ဗဟိုပြု၍လည်းကောင်း၊ ဩဂုတ် ၁ ရက် ည ၁၀ နာရီခွဲခန့်တွင် ကျိုင်းတုံမြို့အနီးကို ဗဟိုပြု၍လည်းကောင်း အင်အားအတင့်အသင့်ရှိသော မြေငလျင်များ လှုပ်ခတ်ခဲ့သည်။
ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီခန့်တွင် မိုင်းယောင်းအနီးကို ဗဟိုပြု၍လည်းကောင်း၊ ည ၉ နာရီခွဲခန့်တွင် ကွန်ဟိန်းမြို့အနီးကို ဗဟိုပြု၍လည်းကောင်း၊ ဇူလိုင် ၂၇ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် ကျောက်ဖြူမြို့၏ လေးမိုင်ခန့်အကွာကို ဗဟိုပြု၍လည်းကောင်း၊ ဇူလိုင် ၂၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မိုင်းပြင်းမြို့ကို ဗဟိုပြု၍လည်းကောင်း၊ ညနေ ၆ နာရီခွဲခန့်တွင် မိုင်းရှုးမြို့ကို ဗဟိုပြု၍လည်းကောင်း အင်အားအနည်းငယ်ရှိသော မြေငလျင်များ လှုပ်ခတ်သွားကြောင်း မိုးဇလမှ သိရသည်။
ဇူလိုင် ၂၁ ရက် ညပိုင်းက ကျိုင်းတုံမြို့အနီး အင်အားပြင်းငလျင်နှင့် အင်အားအသင့်အတင့်ရှိ ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ရှားသွားကြောင်း၊ ငလျင်နှစ်ခုမှာ မိနစ်ပိုင်းသာခြားပြီး ဆက်တိုက်လှုပ်ရှားသွားခဲ့သည်။
ဇူလိုင် ၁ ရက်မှ ၈ ရက်အထိလည်း ရန်ကုန်အပါအဝင် ပြည်တွင်း၌ ၁၁ ကြိမ်အထိ ငလျင်လှုပ်ခတ်ခဲ့ပြီး တစ်ရက်တည်းတွင် သုံးကြိမ်ထိ လှုပ်ခတ်မှုများလည်းရှိခဲ့သည်။
ဇူလိုင် ၅ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်လှုပ်ခတ်မှုတွင် ရန်ကုန်မြို့နေ ပြည်သူအများစု ခံစားခဲ့ရပြီး မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ စမ်းချောင်းအစရှိသည့်မြို့နယ်များတွင် ငလျင်လှုပ်သည့်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရကြောင်း မိုးဇလမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
