မွန်ပြည်နယ်၊ ရေးမြို့နယ် နှင်းစုံကျေးရွာ ကျောက်ခွဲစက်အနီး အရှည်ပေ ၁၂၀ ရှိ သံကူကွန်ကရစ်တံတားတစ်စင်း စက်တင်ဘာ ၂၁ ရက်က မိုင်းထောင်ဖောက် ခွဲဖျက်ဆီးခံရ ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
စက်တင်ဘာ ၂၁ ရက်ည ၆ နာရီ ၃၅ မိနစ်အချိန်တွင် ရေးမြို့နယ်၊ လမိုင်း-တောင် ဘုံ-သောင်ပြင်-အာယုတောင်သွားကား လမ်း၊ နှင်းစုံကျေးရွာ၊ ကျောက်ခွဲစက်အနီး၊ မိုင်တိုင်အမှတ် ၈၄ မိုင် ၀ ဖာလုံနှင့် ၅ ဖာလုံ ကြားအရှည် ၁၂၀ ပေ၊ အနံ ၂၄ ပေရှိ နှင်းစုံ သံကူကွန်ကရစ်တံတားအမှတ် (၁/၈၅) အား PDF အဖွဲ့များက မိုင်းထောင်ဖောက် ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် သံကူကွန် ကရစ်တံတား၏ ယာဘက်ကြမ်းခင်း ၁၀ ပေ ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး ဆိုင်ကယ်နှင့် ယာဉ်ငယ် များသာ ဖြတ်သန်းသွားလာနိုင်ပြီး ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်း သိရသည်။
ထိုသို့ ပျက်စီးသွားသည့် တံတားအား ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
