ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်းရုံးတွင် ပေါက်ကွဲမှု စက်တင်ဘာ ၂၃ ရက် ၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၃ ရက် ၊ နံနက် ၁၁ နာရီကျော်ခန့်တွင် မရမ်းကုန်းမြို့နယ် ၊ သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်းရုံးတွင် ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါနေရာအနီးနေသူများထံမှ သိရသည်။
“အသစ်ဆောက်ထားတဲ့ ယာဉ်ထိန်းရဲကင်းရုံးမှာ ပေါက်တာ။ပေါက်ကွဲသံတော့ ကြားလိုက်ရတယ်။ပေါက်ကွဲသံက ကျယ်တယ်” ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။
ပေါက်ကွဲမှုကြောင့် လူတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သိရှိရပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် အဆိုပါနေရာအနီးတစ်ဝိုက်ကာ လမ်းပိတ်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
“ပေါက်ကွဲမှုပြီးတော့ လမ်းပိတ်ပြီးစစ်တယ်။အဲ့နေရာက ခနခန ပေါက်ကွဲနေကျပါ။ဒဏ်ရာတစ်ယောက်ရတယ်လို့ သိရတယ်”ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။
အဆိုပါ သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်းရုံးမှာ မကြာခဏပေါက်ကွဲမှုဖြစ်ပွားသည့်နေရာဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
