မွန်ပြည်နယ် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့အား နိုဝင်ဘာလ ၆ ရက်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းစက်ရုံနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်၊ မွန်းလွဲ ၂နာရီခန့်တွင် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ အဆိုပါ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံဝင်းအတွင်းသို့ အင်အား (၂၀) ခန့်ရှိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲဝင်ရောက်လာပြီးနောက်၊ သေနတ် (၄) ချက်ဖောက်ကာ မွန်ဘာသာဖြင့် “သူဌေးနဲ့ပဲစကားပြောမယ်။ အေးအေးဆေးဆေးနေကြ” ဟု ပြောဆိုကာ ဝင်ရောက်လာကြကြောင်း ထိုစက်ရုံနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “စက်ရုံထဲမှာရှိနေကြတဲ့ စက်ရုံမှူး၊ ဦးဘိုဘို၊ မန်နေဂျာ ဦးတင်ထွန်းအောင် နဲ့ တရုတ်နိုင်ငံသား ပညာရှင်တစ်ဦး စုစုပေါင်း သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ တော်ကူးကျေးရွာဘက်ကနေ လက်ခတ်တောင်ဘက်ကို ပြန်လည်ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်” ဟု ပြောကြားသည်။
ထို့အပြင် စက်ရုံရှိ ဝန်ထမ်းများထံမှ လက်ကိုင်ဖုန်းအလုံး (၂၀) ခန့်ကိုလည်း သိမ်းဆည်းယူဆောင် သွားကြကြောင်းလည်း ၎င်းကဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မည့်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကို မသိရသေးကြောင်း နှင့် ထိုလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူများ ပြန်လည်လွတ်မြောက်လာရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေမှုများလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
