အမေရိကန်မြို့ငယ်လေးတစ်မြို့တွင် နိုဝင်ဘာ ၇ ရက်က သုတေသနဓာတ်ခွဲခန်းတစ်ခုမှ မျောက်အကောင်ရေ ၄၀ ကျော်ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အာဏာပိုင်များက ဒေသခံများကို ၎င်းတို့၏ တံခါးပေါက်များနှင့် ပြတင်းတံခါးများကို ပိတ်ထားကြရန် သတိပေးထားသည်။
တောင်ကာရိုလိုင်းနားပြည်နယ် ရီမက်စ်ဆီမြို့ရှိ Alpha Genesis သုတေသနစမ်းသပ်ခန်းမှ ကြောက်လန့်နေသော မျောက်ဖင်နီများ ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ယင်းသုတေသန စမ်းသပ်ခန်းသည် ပရိုင်းမိတ်အခြေပြုဇီဝဆေးဘက်ဆိုင်ရာသုတေသနများကို အထူးပြုလုပ်ကိုင်နေခြင်းဖြစ်သည်။ မျောက်များ၏ တည်နေရာကို သိရှိနိုင်ရန် ရှာဖွေရေးအဖွဲ့များကို တပ်ဖြန့်ထားပြီး ၎င်းတို့ကို အစားအစာဖြင့် ဆွဲဆောင်မှုများလုပ်ဆောင်နေသည်ဟု ဒေသခံရဲတပ်ဖွဲ့ကလူမှုမီဒီယာတွင် ဆိုသည်။
“ဒေသခံတွေကိုသူတို့ရဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေကို လုံလုံခြုံခြုံ ပိတ်ထားကြရန် တိုက်တွန်းထားပြီး ဒီမျောက်တွေကို တွေ့တာနဲ့ 911 ကို ဖုန်းခေါ်ဆိုကြဖို့ တိုက်တွန်းထားပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီတိရစ္ဆာန်တွေကိုချဉ်းကပ်ဖို့ မကြိုးစားပါနဲ့” ဟု ၎င်းက ဆိုသည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယင်းမျောက်များသည် ခုနစ်ပေါင်အထိ အလေးချိန်ရှိသော ငယ်ရွယ်သည့်မျောက်မများဖြစ်ပြီး ၎င်းတို့ကိုစမ်းသပ်ရန်အတွက် အသုံးမပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
