အာဖဂန်နစ္စတန်တွင် တာလီဘန်အစိုးရက ဘိန်းစိုက်ပျိုးမှုကို တားမြစ်ထားသည့်တိုင် ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၁၉ ရာ ခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂက နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် အာဖဂန်၌ ဘိုင်းခင်း ၁၂၈၀၀ ဟက်တာရှိကြောင်း ကုလသမဂ္ဂ၏မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC ၏ စစ်တမ်းအသစ်တွင် ဖော်ပြထားသည်။ ယခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဆိုသည့်တိုင် ထိုပမာဏသည် ၂၀၂၂ ခုနှစ် ဧပြီလက တာလီဘန်အ မြင့်ဆုံးခေါင်းဆောင် ဟိုင်ဘာတူလာ အက်ခန်ဇာဒါက ဘိန်းစိုက်ပျိုးမှုကို တားမြစ်ခဲ့ချိန် ဘိန်းခင်း ၂၃၂၀၀၀ ဟက်တာနှင့် နှိုင်းယှဉ်ပါကများစွာ လျော့နည်းနေသည်ဟု UNODC က ပြောကြားခဲ့သည်။
ဘိန်းစိုက်ပျိုးမှုဗဟိုချက်လည်း ပြောင်းလဲသွားခဲ့ပြီး ယခင်တာလီဘန်တို့ အခိုင်အမာခြေကုပ်ယူထားသည့် နိုင်ငံ တောင်ပိုင်းအစားနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်များတွင် စိုက်ပျိုးခဲ့သည်။ မေလက ဘာဒက်ခ်ရှန်ပြည်နယ်တွင် ဘိန်းခင်းများကို ဖျက်ဆီးရန်စေလွှတ်ခဲ့သည့် တာလီဘန် တပ်ဖွဲ့များနှင့် လယ်သမားများအကြားခိုက်ရန် ဖြစ်ပွားမှုကြောင့် သေဆုံးသူအချို့ရှိခဲ့သည်။
တာလီဘန်အစိုးရကမူ UNODC ၏ ထုတ်ပြန်ချက်ကို အပြည့်အဝငြင်းဆိုခဲ့ပြီး ထိုထုတ်ပြန်ချက်သည် အမှန်တရားနှင့် ကင်းကွာနေကြောင်း ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
