အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် လင်ဒန်းသည် ကစားသမားဘဝ နှစ် ၂၀ အတွင်း အို လံပစ်ရွှေတံဆိပ်နှစ်ခု (၂၀၀၈၊ ၂၀၁၂)၊ ကမ္ဘာ့ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ငါးခုနှင့် ငွေတံဆိပ်နှစ်ခု၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု၊ အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်တစ်ခု အပါအဝင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် (၁) နေရာတွင်လည်း ကာလအတန်ကြာ ရပ်တည်နိုင်ခဲ့သည်။
အိုလံပစ်ရွှေတံဆိပ်နှစ်ဆုရရှိဖူးသည့် နာမည်ကြီး တရုတ်ကြက်တောင်ကစားသမား လင်ဒန်းက ကစားသမားဘဝမှ အနားယူတော့ မည်ဖြစ်ကြောင်း မနေ့က အတည်ပြု ကြေညာခဲ့သည်။
အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် လင်ဒန်းသည် ကစားသမားဘဝ နှစ် ၂၀ အတွင်း အို လံပစ်ရွှေတံဆိပ်နှစ်ခု (၂၀၀၈၊ ၂၀၁၂)၊ ကမ္ဘာ့ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ငါးခုနှင့် ငွေတံဆိပ်နှစ်ခု၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု၊ အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်တစ်ခု အပါအဝင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် (၁) နေရာတွင်လည်း ကာလအတန်ကြာ ရပ်တည်နိုင်ခဲ့သည်။
သို့သော် အသက်အရွယ်နှင့် ဒဏ်ရာပြဿနာကြောင့် အောင်မြင်မှုဝေးကွာလာပြီးနောက် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ "ကျွန်တော့်မိသားစု၊ နည်းပြတွေ၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေက အကောင်း ဆုံးအချိန်မှာရော အခက်အခဲကြုံတွေ့ရချိန်မှာပါ အမြဲအတူရှိပေးခဲ့တာပါ။ ချစ်ခင်နှစ်သက်တဲ့ ဒီအားကစားနည်းအတွက် အရာအားလုံးကို ကျွန်တော်ပေးဆပ်ခဲ့တာပါ" ဟု ၎င်းက တရုတ်လူမှုမီဒီယာ Weibo မှတစ်ဆင့် ပြောကြားခဲ့သည်။
သို့ဖြစ်ရာ လင်ဒန်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းထားရသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း သိရသည်။ ၎င်း၏ အဓိကပြိုင်ဘက်ဖြစ်ခဲ့သူ မလေးရှားကစားသမား လီချုံဝေမှာလည်း ပြီးခဲ့သည့်နှစ် ဇွန်တွင် အနားယူသွားပြီဖြစ်သည်။ လင်ဒန်းနှင့် လီချုံဝေသည် ကြက်တောင်အားကစားလောကကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လွှမ်းမိုးနိုင်ခဲ့သူများဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်