ဂျာမနီလူငယ်ကြယ်ပွင့် ဟာဗက်ဇ်သည် အသက် ၂၁ နှစ်သာရှိသေးသော်လည်း လေဗာကူဆင်အသင်း၏ တတိယအသင်းခေါင်းဆောင်ဖြစ်သလို ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဖြင့် ပွဲ ၅၀ ပြည့်သူနှင့် ပွဲ ၁၀၀ ပြည့်သူအဖြစ် မှတ်တမ်းဝင်ထားသည်။ ၎င်းသည် ယခုရာသီ ဘွန်ဒစ်လီဂါ ပြိုင်ပွဲတွင် ၁၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ခြောက်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဂျာမနီလက်ရွေးစင်အသင်းအတွက်လည်း ခုနစ်ပွဲကစား တစ်ဂိုးသွင်းယူထားနိုင်သဖြင့် ဥရောပထိပ်တန်း ကလပ်များ၏ ပစ်မှတ်ထားခံနေရခြင်းဖြစ်သည်။
ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်စသည့် ဥရောပထိပ်တန်းကလပ်များ၏ ပစ်မှတ်ကစားသမား ဟာဗက်ဇ်အတွက် တောင်းဆိုမှုများ လိုက်လျောနိုင်ပါက ယခုနွေရာသီတွင် ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း လေဗာကူဆင်အသင်းအားကစားဒါရိုက်တာ ရူဒီဗောင်လာက ထုတ်ဖော်ပြောကြားခဲ့သည်။
ဂျာမနီလူငယ်ကြယ်ပွင့် ဟာဗက်ဇ်သည် အသက် ၂၁ နှစ်သာရှိသေးသော်လည်း လေဗာကူဆင်အသင်း၏ တတိယအသင်းခေါင်းဆောင်ဖြစ်သလို ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဖြင့် ပွဲ ၅၀ ပြည့်သူနှင့် ပွဲ ၁၀၀ ပြည့်သူအဖြစ် မှတ်တမ်းဝင်ထားသည်။ ၎င်းသည် ယခုရာသီ ဘွန်ဒစ်လီဂါ ပြိုင်ပွဲတွင် ၁၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ခြောက်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဂျာမနီလက်ရွေးစင်အသင်းအတွက်လည်း ခုနစ်ပွဲကစား တစ်ဂိုးသွင်းယူထားနိုင်သဖြင့် ဥရောပထိပ်တန်း ကလပ်များ၏ ပစ်မှတ်ထားခံနေရခြင်းဖြစ်သည်။
သို့ဖြစ်ရာ ၎င်း၏အနာဂတ်အခြေအနေနှင့်ပတ်သက်၍ အားကစားဒါရိုက်တာ ရူဒီဗောင်လာက "အခုအချိန်မှာ သူက ကျွန်တော်တို့အသင်း ကစားသမားတစ်ယောက်ပါ။ တိကျသေချာတဲ့ကိစ္စ ဘာမှမရှိသေးသလို သတင်းပေးစရာလည်းမရှိပါဘူး။ ကျွန်တော်တို့မှာ အစီအစဉ်တွေရှိပါတယ်။ သူဘာလုပ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တစ်ယောက်တည်းအနေနဲ့ဆိုရင်တော့ သူ့ကို နောက်ထပ်တစ်နှစ်လောက် ဆက်ရှိစေချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ သဘောတူညီမှုရှိပါတယ်။ အဲဒီအတိုင်းသာ ဖြစ်မယ်ဆိုရင်တော့ ဒီနွေရာသီမှာပဲ သူထွက် ခွာခွင့်ရမှာပါ" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရူဒီဗောင်လာက လိုက်ပ်ဇစ်အသင်း၏ ချန်ပီယံလိဂ်လက်ကျန်ပွဲများတွင် ဆက်မကစားတော့ဘဲ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့သွားသည့် ဗာနာကဲ့သို့ အပြောင်းအရွှေ့ပုံစံမျိုးကို သဘောမကျကြောင်းနှင့် ကစားသမားအားလုံးအနေဖြင့် ရာသီပြီးဆုံးချိန်အထိ ကစားပေးသင့်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။
"ကျွန်တော်က ခေတ်ဟောင်းအတွေးအခေါ်ရှိတဲ့သူ ဒါမှမဟုတ် စိတ်ကူးယဉ်တတ်သူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ရာသီပြီးဆုံးချိန်က ဘယ်အချိန်ပဲဖြစ်ဖြစ် ကစားသမားတစ်ယောက်အနေနဲ့ အဲဒီအချိန်အထိကစားသင့်တယ်လို့ ထင်တယ်။ ကစားသမားတစ်ယောက်က ယူရိုပါလိဂ်ဖြစ်ဖြစ်၊ ချန်ပီယံလိဂ် ဖြစ်ဖြစ် အဲဒီပြိုင်ပွဲမှာ မကစားချင်ဘူးဆိုတာကို နားမလည်နိုင်ပါဘူး။ တစ်စုံတစ်ဦးကို အတင်းအကျပ်စေခိုင်းလို့မရဘူးဆိုတာ မှန်ပါတယ်။ ဟာဗက်ဇ်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ ကလပ်နဲ့ ပရိသတ်တွေအတွက် ဘာလုပ်ပေးရမလဲဆိုတာ သိပါတယ်" ဟု ရူဒီဗောင်လာက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
