စပိန်လက်ရွေးစင်ကစားသမား သီယာဂို (၂၉ နှစ်) ၏ စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့ပြီး ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းက စာချုပ်သက်တမ်းတိုးလိုသော်လည်း ၎င်းကိုယ်တိုင်က ထွက်ခွာရန် ဆန္ဒရှိနေခြင်းဖြစ်ပြီး လီဗာပူးလ်အသင်းအနေဖြင့် ခေါ်ယူနိုင်ရန် အလွန် နီးစပ်နေပြီဖြစ်ကြောင်း ကတ်တလန်အခြေစိုက် SPORT သတင်းစာက ဖော်ပြထားသည်။
ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင်ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီက ကွင်းလယ်လူ သီယာဂိုအနေဖြင့် အသင်းနှင့်လမ်းခွဲရန် ဆန္ဒရှိနေပြီး လာမည့်နှစ်နွေရာသီတွင် ပြောင်းရွှေ့ ကြေးမပါဘဲ အလွတ်ထွက်ခွာခွင့်မပြုနိုင်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
စပိန်လက်ရွေးစင်ကစားသမား သီယာဂို (၂၉ နှစ်) ၏ စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့ပြီး ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းက စာချုပ်သက်တမ်းတိုးလိုသော်လည်း ၎င်းကိုယ်တိုင်က ထွက်ခွာရန် ဆန္ဒရှိနေခြင်းဖြစ်ပြီး လီဗာပူးလ်အသင်းအနေဖြင့် ခေါ်ယူနိုင်ရန် အလွန် နီးစပ်နေပြီဖြစ်ကြောင်း ကတ်တလန်အခြေစိုက် SPORT သတင်းစာက ဖော်ပြထားသည်။
ရူမင်နစ်ဂီကလည်း Bild အားကစားသတင်း စာနှင့်တွေ့ဆုံစဉ် "သူက ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ တကယ်တော်တဲ့သူတစ်ယောက်ပါ။ ကျွန်တော်တို့ သူနဲ့ဆွေးနွေးခဲ့ပြီး သူ့ဘက်က ဆန္ဒရှိတာအားလုံး လိုက်လျောထားပါတယ်။ ဒါပေမဲ့ သီယာဂိုအယ်ကန်တာရာက ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။ ကစားသမားဘဝ အဆုံးသတ်ချိန်မှာ သူက တစ်စုံတစ်ခုလုပ်ဖို့ ဆန္ဒရှိတဲ့ ပုံစံမျိုးပါပဲ။ ကျွန်တော်တို့ကတော့ လာမယ့်နှစ်ကျမှ အလွတ်ထွက် ခွင့်ပြုရမှာ မလိုလားပါဘူး။ ကျွန်တော်ကတော့ ရှင်းရှင်းလင်းလင်းပဲ ပြောတတ်ပါတယ်" ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းအနေဖြင့် ၎င်းအား ပေါင် ၃၁ ဒသမ ၅ သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်ဖွယ်ရှိသော်လည်း အရစ်ကျသာပေးချေရန် ဆန္ဒရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
