မြန်မာ့လက်ရွေးစင်အသင်းသည် ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၅ ရက်အထိကျင်းပမည့် ၂၀၂၄ Asean Cup ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် နှစ်ပတ်ကျော် ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၄ Asean Cup ပြိုင်ပွဲအတွက် နိုဝင်ဘာ ၂၅ ရက်တွင် စတင်လေ့ကျင့်ရန် စီစဉ်ထားပြီး ရန်ကုန်မြို့တွင်သာ စခန်းဝင်လေ့ကျင့်မည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် စင်ကာပူ၊ လက်ဘနွန်လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းခြေစမ်းပွဲများအပြီးတွင် ကလပ်ပွဲစဉ်အတွက် ကစားသမားများ ပြန်လည်စေလွှတ်ကာ နိုဝင်ဘာ ၂၅ ရက်မှ ပြန်လည်လေ့ကျင့် မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် နည်းပြချုပ်နေရာ အပြောင်းအလဲပြု လုပ်ပြီးနောက် နှစ်ကုန်ပိုင်းတွင် ယှဉ်ပြိုင်ရမည့် Asean Cup ပြိုင်ပွဲအတွက် အောက်တိုဘာကတည်းက ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာနှင့် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် နိုင်ငံတကာခြေစမ်းပွဲ လေးပွဲကစားကာ ပြင်ဆင်နေခြင်းဖြစ်သည်။
မြန်မာ့လက်ရွေး စင်အသင်းသည် အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်တွင် သီရိလင်္ကာလက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲကစားရာ ပထမပွဲတွင် (၂-၀) ဂိုးဖြင့် အနိုင်ရပြီး ဒုတိယပွဲတွင် ဂိုးမရှိသရေကျခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် နိုဝင်ဘာ ၁၄ ရက်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် လက်ဘနွန်လက်ရွေးစင် အသင်းနှင့် အိမ်ကွင်း ခြေစမ်းပွဲများကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် နိုင်ငံတကာခြေစမ်းပွဲကစားရန် ပဏာမကစားသမား ၃၀ မှ ၄၀ ကြား ရွေးချယ်ခဲ့ပြီး ကစားသမားများ၏ ခြေစွမ်းကိုလည်း လေ့လာလျက်ရှိသည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် Asean Cup ပြိုင် ပွဲအတွက် ပဏာမကစားသမား ၃၀ ဝန်းကျင်ဖြင့် လေ့ကျင့်ပြင်ဆင်ဖွယ်ရှိကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် Asean Cup ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ဗီယက် နမ်၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာ ၉ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် အိမ်ကွင်း စတင်ကစားရမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
