ဆောင်းဝင်ပြီ ဆိုတဲ့စကားလုံးက ပရီးမီးယားလိဂ်ပရိသတ်အများစုအတွက် ထိပ်သီးကလပ်အသင်းတစ်သင်းနဲ့အတူ တွဲစပ်မှတ်မိနေတဲ့ စကားစုတစ်ခုလိုလည်း ဖြစ်နေပါတယ်။ ဆောင်းတွင်းကာလရောက်တိုင်းလိုလို ခြေချော်မှုအဖြစ်များတဲ့ အာဆင်နယ်အသင်းနဲ့ တွဲစပ်မှတ်မိနေကြတာပါ။ ပြိုင်ဘက်ပရိသတ်တွေအတွက်ကတော့ ဆောင်းရာသီ ဆိုတဲ့ စကားလုံးက အာဆင်နယ်အသင်းအတွက် လှောင်ပြောင်စရာတစ်ခုလို ဖြစ်နေခဲ့တာပါ အမှန်ပါပဲ။ အာဆင်နယ်က ဒီကာလမှာ ရာသီတိုင်း အမြဲတမ်းခြေချော်မှားယွင်းနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရာသီအများစုမှာ ဆောင်းရာသီရောက်တိုင်း ဒုက္ခများလေ့ရှိတာကြောင့် လှောင်ပြောင်ခံနေရတာပါ။ ဒီရာသီမှာလည်း နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ တစ်မှတ်သာ ရယူနိုင်ခဲ့ပြီး ၂ ပွဲရှုံးခဲ့တာကြောင့် လှောင်ရယ်သံတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဒီကြားထဲ နည်းပြ အာတီတာနဲ့အတူ အတွဲညီညီ အလုပ်လုပ်နေတဲ့ အားကစားဒါရိုက်တာ အီဒူးကလည်း ရာထူးကနေ ရုတ်တရက်နုတ်ထွက်ပြီး လမ်းခွဲသွားခဲ့ပါတယ်။ ဒီတော့ အာဆင်နယ်အတွက် နှင်းခါးရိုက်မယ့် ဆောင်းရာသီတစ်ခု ဖြစ်လာတော့မလားလို့ ပူပန်စရာ ဖြစ်လာခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
