၂၀၂၄-၂၀၂၅ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် လာဇီယိုအသင်းက ရာနှုန်းပြည့်အနိုင်ရလဒ်ဖြင့် ဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး ချယ်လ်ဆီးအသင်းကလည်း အာမေးနီးယား ကလပ်အသင်းကို ရှစ်ဂိုးပြတ်သွင်းယူကာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံး နိုင်ပွဲအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
ယူရိုပါလိဂ် ပွဲစဉ် ၄ ကို နိုဝင်ဘာ ၆၊ ၇ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူအသင်း နိုင်ပွဲစတင်ရရှိသော်လည်း ရေပန်းအစားဆုံး စပါးအသင်းမှာမူ ရှုံးပွဲစတင်ကြုံတွေ့ခဲ့သည်။ ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းများ အနက် စပါးအသင်းမှာ ဂါလာတာစာရေး အသင်းကို အဝေးကွင်း၌ (၃-၂) ဂိုးဖြင့် ရှုံးနိမ့်ပြီး မန်ယူအသင်းက PAOK အသင်းကို အိမ်ကွင်း၌ (၂-၀) ဂိုး၊ ဘီလ်ဘာအိုအသင်းက လူဒိုဂိုရတ်စ်အသင်းကို အဝေးကွင်း၌ (၁-၂) ဂိုး၊ လာဇီယိုအသင်းက ပေါ်တိုအသင်းကို အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပွဲစဉ် ၄ အပြီးတွင် လာဇီယိုအသင်းက ၁၂ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး အေဂျက်စ်၊ ဂါလာတာစာရေး၊ ဖရန့်ဖတ်၊ အန်ဒါလက်ချ်နှင့် ဘီလ်ဘာအိုအသင်းတို့က ၁၀ မှတ်စီ၊ စပါးနှင့် စတူအာဘူခါရက်အသင်းက ကိုးမှတ်စီ၊ လိုင်ယွန်၊ ရိန်းဂျားစ်၊ အိုလံပီယာ ကော့စ်၊ ဘိုဒိုဂလင့်နှင့် မစ်ဂျေးလန်းအသင်းတို့က ခုနစ်မှတ်စီရရှိထားသည်။ ယူရိုပါလိဂ် ပြိုင်ပွဲတွင် စပါးအသင်းက အလေးပေးမှု ၇/၂ ဖြင့် ရေပန်းအစားဆုံးသတ်မှတ်ခံထားရပြီး မန်ယူအသင်းက ၆/၁၊ ဘီလ်ဘာအိုနှင့် လာဇီယိုအသင်းက ၉/၁ ဖြင့် ရပ်တည်လျက်ရှိသည်။
ကွန်းဖရန့်လိဂ် ပွဲစဉ် ၄ ကို နိုဝင်ဘာ ၇ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်စွဲရန် ရေပန်းအစားဆုံး ချယ်လ်ဆီးအသင်းက အာမေးနီးယားကလပ် နိုအာအသင်းကို အိမ်ကွင်း၌ (၈-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ယင်းပွဲ ရလဒ်မှာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့သလို ချယ်လ်ဆီးအသင်းအတွက်လည်း ဒုတိယမြောက် ဂိုးအပြတ်ဆုံးရလဒ်ဖြစ်လာသည်။ ထို့ပြင် ချယ်လ်ဆီးအသင်းသည် ပထမပိုင်းတွင် ဂိုးဒါဇင်ဝက်သွင်းယူထားနိုင်ရာ ၁၉၇၆-၁၉၇၇ ရာသီတွင် ကိုးဂိုးသွင်းယူခဲ့သည့် ဒါဘီအသင်းနောက်ပိုင်း ဥရောပပြိုင်ပွဲ၌ ဂိုးအများဆုံးသွင်းယူနိုင်သည့် အင်္ဂလန်ကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ်တွင်လည်း ဇယားထိပ်ဆုံးရှစ်သင်း ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
