ကလော့ပ်ခေတ်လွန် လီဗာပူးလ် ဘယ်လို ဖြစ်မလဲဆိုပြီး လီဗာပူးလ်ပရိသတ်တွေ စိတ်ပူခဲ့ကြတယ်။ ဒါပေမဲ့ ကလော့ပ်နေရာကို ဆက်ခံတဲ့ ဆလော့က လီဗာပူးလ်ပရိသတ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ရာသီအစမှာပဲ ပျောက်စေခဲ့ပါပြီ။ ပြိုင်ပွဲစုံ (၁၆)ပွဲမှာ (၁၄)ပွဲထိ အနိုင်ရအောင် စွမ်းဆောင် ပြထားတယ်။ ဒါက ပရီးမီးယားလိဂ်ကို စရောက်လာတဲ့ နည်းပြတွေထဲမှာ အကောင်းဆုံးမှတ်တမ်းလည်း ဖြစ်တယ်။ ဒါကြောင့် လီဗာပူးလ်ပရိသတ်တွေအနေနဲ့ နည်းပြ ဆလော့အပေါ် ယုံကြည်နေကြပြီး ကလော့ပ်ခေတ်လွန်မှာလည်း လီဗာပူးလ်အသင်းက ချန်ပီယံဆုတွေကို ဆက်လက်စိန်ခေါ် နိုင်ဦးမယ်လို့ ယုံကြည်နေကြတယ်။ ဒါပေမဲ့ လီဗာပူးလ်မှာ စိတ်မချမ်းသာစရာအကြောင်းတွေက ရှိနေတယ်။ ကလော့ပ်လက်ထက် အသင်းရဲ့အောင် မြင်မှုတွေမှာ အဓိကဒေါက်တိုင်ဖြစ်သလို၊ အခု ဆလော့လက်ထက်မှာလည်း အဓိကကစားသမား တွေအဖြစ် ခြေစွမ်းပြနေတဲ့ ဆာလာ၊ အာနိုးလ်နဲ့ ဗန်ဒိုက်တို့ရဲ့ အခြေအနေက လီဗာပူးလ်ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်နေတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
