ရီးယဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမားသစ် ဟာဇက်က လက်ရှိတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသော်လည်း မိမိတို့အသင်းအနေဖြင့် ယခုရာသီကို အကောင်းဆုံးဖြတ်သန်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမားသစ် ဟာဇက်က လက်ရှိတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသော်လည်း မိမိတို့အသင်းအနေဖြင့် ယခုရာသီကို အကောင်းဆုံးဖြတ်သန်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံ (၆)ပွဲကစားထားရာ၌ (၃)ပွဲသာ အနိုင်ရထားပြီး (၂)ပွဲသရေကာ ချန်ပီယံလိဂ်တွင် PSG အသင်းကို (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ဟာဇက်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ယူရိုသန်း (၁၀၀) ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုရာသီအစပိုင်းတွင် ရုန်းကန်နေရသော်လည်း မိမိတို့အနေဖြင့် အောင်မြင်မှုများရယူနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
ဟာဇက်က "ရီးယဲလ်မက်ဒရစ်အသင်းက ကစားတဲ့ပွဲစဉ်တိုင်းမှာ အနိုင်ရချင်တဲ့အသင်းပါ။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းအဖြစ် ဖြစ်နေတာပါပဲ။ ဒီတော့ ဒီအသင်းမှာ ကစားပြီးဆိုရင် ဖိအားတွေ ခံစားရတာ မဆန်းပါဘူး။ ကျွန်တော်တို့က စွမ်းရည်ရှိတဲ့အသင်းပါ။ ဒီရာသီမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် ဆီဗီလာအသင်းကို အဝေးကွင်းမှာ နိုင်ခဲ့တယ်။ ချန်ပီယံလိဂ်မှာ အုပ်စုအဖွင့်ပွဲကို ရှုံးနိမ့်ခဲ့ပေမယ့် ကျွန်တော်တို့အနေနဲ့ ဒီရာသီကို အကောင်းဆုံးဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါပွဲစဉ် (၆) အဖြစ် (မြန်မာစံတော်ချိန် ကြာသပတေးနေ့နံနက် ၁း၃၀ နာရီတွင်) အိုဆာဆူနာအသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
