ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ယနေ့ညတွင် ကစားမည့် ဘရက်စီယာနှင့်ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ယနေ့ညတွင် ကစားမည့် ဘရက်စီယာနှင့်ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း သိရသည်။
အသက် (၃၄) နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းအတွက် (၇) ရက်အတွင်း (၃)ပွဲပါဝင်ကစားခဲ့ပြီး ယင်းပွဲစဉ်များတွင် ပွဲတိုင်းပွဲချိန်ပြည့်ပါဝင်ကစားခဲ့သည်။
ထို့ကြောင့် စီရော်နယ်လ်ဒို၏ ကြွက်သားများမှာ နာကျင်နေသည့်အတွက် ဘရက်စီယာနိုအသင်းနှင့် ကစားမည့်ပွဲစဉ်တွင် အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း နည်းပြ ဆာရီက ပြောကြားခဲ့သည်။
ဘရက်စီယာနှင့် ပွဲမတိုင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆာရီက "ဗီရိုနာနဲ့ပွဲအပြီးမှာ စီရော်နယ်လ်ဒို ကြွက်သားတွေ နာကျင်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒါက ကစားသမားတွေ ဖြစ်နေကျပါပဲ။ (၇)ရက်အတွင်း (၃)ပွဲ ကစားခဲ့တာဆိုတော့ ဒါမျိုးတွေ ဖြစ်နိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၅)ပွဲကစားထားပြီး (၂)ဂိုး သွင်းယူထားသည်။
ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေပွဲစဉ် (၅) အဖြစ် ယနေ့ည (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၁:၃၀ နာရီ)တွင် ဘရက်စီယာအသင်းကို အဝေးကွင်းတွင် သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
