အမေရိကန်ဆေးကုမ္ပဏီ Pfizer က အသက် ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးများအတွက် ၎င်း၏ အသစ်ထုတ်လုပ်ထားသော COVID-19 ထပ်ထိုးကာကွယ်ဆေး အသုံးပြုထိုးနှံမှုကို တိုးချဲ့ရန် စက်တင်ဘာ ၂၆ရက် က အမေရိကန်အာဏာပိုင်များကို တောင်းဆိုခဲ့သည်။
မူလတန်းကျောင်းတက်ရောက်နေသည့်အရွယ် ကလေးများကို Pfizer ၏ မူလကာကွယ်ဆေး၏ ကလေးများကို အသုံးပြုထိုးနှံသည့်ပမာဏကို ထိုးနှံပေးခဲ့ပြီးဖြစ်ကာ အသက် ၁၂ နှစ်နှင့်အထက်အရွယ်များကို မူလကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့်အပြင် တတိယမြောက် ထပ်တိုးကာကွယ်ဆေးကို လည်း ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲရေးက အတည်ပြုပေးခဲ့မယ်ဆိုရင် အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ်ကလေးများကို အိုမီခရွန်အတွက် ရည်ရွယ်ထုတ်လုပ်ထားသော ထပ်ထိုးကာကွယ်ဆေး၏ ကလေးများကို အသုံးပြုထိုးနှံသည့်ပမာဏကိုစတင်ထိုးနှံနိုင်လိမ့်မည်ဖြစ်သည်။
WHO ကာကွယ်ဆေးအကြီးအကဲ ဒေါက်တာ ပီတာမာ့ခ်က ၎င်းအနေဖြင့် မကြာမီ ယင်းအသက်အရွယ်အုပ်စုအတွက် ထပ်တိုးကာကွယ်ဆေးထိုးနှံပေးမည့် ဆုံးဖြတ်ချက်ကို ချမှတ်သွားရန် မျှော်လင့်ထားသည်ဟု လွန်ခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။
Pfizer နှင့် ၎င်း၏မိတ်ဖက် BioNTech တို့သည် အသက်ခြောက်လမှ လေးနှစ်အရွယ် ကလေးများကဲ့သို့ အလွန်ငယ်ရွယ်သော ကလေးများအတွက်ပင် အိုမီခရွန်မျိုးကွဲအတွက် အထူးထုတ်လုပ်ထားသည့် ထပ်တိုးကာကွယ်ဆေးများအား ကွဲပြားခြားနားသည့် ဆေးပမာဏများကို စမ်းသပ်သည့် သုတေသစမ်းသပ်မှုအသစ်တစ်ရပ် လုပ်ဆောင်နေသည်ဟုလည်း ကြေညာခဲ့သည်။
Pfizer နှင့် ၎င်း၏ပြိုင်ဘက်ဆေးကုမ္ပဏီ Moderna တို့သည် ယခုလအစောပိုင်းက အသက် ၁၂ နှစ်နှင့်အထက် အရွယ်များအတွက် ထပ်တိုးကာကွယ်ဆေးများကို ဖြန့်ချိပေးခဲ့သည်။
မူရင်းကာကွယ်ဆေးထုတ်လုပ်နည်းတစ်ဝက်နှင့် လက်ရှိ COVID-19 ကူးစက်မှု ဖြစ်စဉ်အများစုကို ဖြစ်ပေါ်စေသည့် အိုမီခရွန်မျိုးကွဲ၏ ထပ်ဆင့်မျိုးကွဲများဖြစ်သော BA.4 နှင့် BA.5 တို့အား ကာကွယ်မှုတစ်ဝက်ပါရှိသော ပေါင်းစပ်သို့မဟုတ် နှစ်မျိုးစပ်ကာကွယ်ဆေးသည် လူသန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။
ပြုပြင်မွမ်းမံထားသည့် ထပ်တိုးကာကွယ်ဆေးများသည် ဆက်လက်ဖြစ်ပွားနေသည့် COVID-19 ကူးစက်မှုဖြစ်စဉ်များကို လျော့ကျစေရန် အကူအညီဖြစ်စေလိမ့်မည်ဖြစ်ပြီး နောက်ထပ်ဆောင်းရာသီ ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာမှုကို လျော့ပါးသက်သာစေလိမ့်မည်ဖြစ်ကြောင်း မျှော်လင့်ထားကြသည်။
လွန်ခဲ့သည့်သီတင်းပတ်အထိရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံသား ၄.၄ သန်းသည် အသစ်ပြုပြင်မွမ်းမံထားသည့် ထပ်တိုးကာကွယ်ဆေးကို ထိုးနှံခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်တစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူပေါင်း ၉၅.၉ သန်းရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁.၀၅သန်းရှိသည်ဟု ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
