ကမ္ဘာ့နိုင်ငံများအနေဖြင့် တာလီဘန်တို့ နှင့် ထိတွေ့ဆက်ဆံစေလိုသည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ်ဘူတို ဇာဒါရီက ပြောကြားခဲ့ပြီး တာလီဘန်တို့ကို နောက်တစ်ကြိမ်ဖယ်ကြဉ်ထားမည်ဆိုပါက နောက်ဆက်တွဲအကျိုးဆက်များသည် အန္တရာယ်များကြောင်း သတိပေးခဲ့သည်။
အမေရိကန်သည် တာလီဘန်အဖွဲ့အား အယုံအကြည်မရှိသည့်အနေဖြင့် အာဖဂန်၏ ပိုင်ဆိုင်မှုများကို ဆွစ်ဇာလန်တွင် ထိန်းချုပ်ခဲ့ပြီးနောက် စင်ပြိုင်အုပ်ချုပ်မှုပုံစံဖန်တီး နေမှုကို ဆန့်ကျင်ကြောင်း ဇာဒါရီက အမေရိကန်သို့ လာရောက်ချိန်တွင် အေအက်ဖ်ပီသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ လက်ကမ်းမပေးခဲ့တဲ့ အတိတ်ကာလကို သင်ခန်းစာယူခဲ့ပြီးပါပြီ။ မလိုလားအပ်တဲ့ အကျိုးဆက်တွေနဲ့ ကျွန်တော်တို့အတွက် ပြဿနာတွေ ပိုများလာမယ့်အခြေအနေမျိုး ဖန်တီးနေတာကို ရပ်တန့်ရမှာပါ”ဟု ဇာဒါရီက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
“စီးပွားရေးပြိုလဲမှု၊ ဒုက္ခသည်အစုလိုက် ထွက်ခွာမှု ISIS-K လိုမျိုး အကြမ်းဖက်အဖွဲ့ သစ်တွေနဲ့ အခြားအဖွဲ့တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေဟာ သူတို့ရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုထက် အလေးသာနေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သည် အာဖဂန်တွင် ဆယ်စုနှစ် နှစ်စုကြာဖြစ်ပွားခဲ့သည့်စစ်ပွဲကို အဆုံးသတ်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်တွင် တာလီဘန်တို့ အာဏာပြန်ရလာခဲ့ပြီး ပါကစ္စတန်နှင့် ဆက်ဆံရေးများ မြင့်တက်ခဲ့သည်။
ပါကစ္စတန်သည် အမေရိကန်တပ်ဖွဲ့များအတွက် ထောက်ပို့လမ်းကြောင်းများ ထောက်ပံ့ပေးနေသည့်တိုင် ပါကစ္စတန်၏ အင်အားကြီးမားသည့် စစ်တပ်သည် အစ္စလမ်မစ်စစ် သွေးကြွများကို လျှို့ဝှက်ထောက်ပံ့ပေးနေသည်ဟု အမေရိကန်က စွပ်စွဲခဲ့သည်။
၂၀၀၇ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို၏သားဖြစ်သူ ဇာဒါရီသည် ယခင်ပါကစ္စတန် အရာရှိအချို့နှင့် ကွဲလွဲသည့်အနေဖြင့် တာလီဘန်တို့ကို နွေးထွေးသည့်စကားလုံးများ ပြောကြားခြင်းမရှိခဲ့ပေ။
သို့သော်လည်း ဇာဒါရီက အာဖဂန်တွင် တင်းကျပ်စွာ ကန့်သတ်ခံထားရသည့် အမျိုးသမီးအခွင့်အရေးကဲ့သို့ ကိစ္စရပ်များတွင် တာလီဘန်တို့အနေဖြင့် နိုင်ငံရေးအရ အချိန်ယူလုပ်ဆောင်ရန် လိုအပ်သည်ဟု ဆိုသည်။
“သမိုင်းတစ်လျောက် ဘာသာရေးအခြေခံနိုင်ငံတွေနဲ့ အာဏာရှင်အစိုးရတွေဟာ စီးပွားရေး ယိုယွင်းနေချိန်တွေမှာ လူ့အခွင့်အရေးတွေကို ချဲ့ထွင်ပေးဖို့ လုံးဝဂရုမစိုက်ခဲ့ပါဘူး။ သူတို့ဟာ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ အခြားကိစ္စရပ်တွေကို သူတို့ရဲ့ ပြည်သူတွေနဲ့ ထိတွေ့ပေးဖို့ကိုပဲ အလေးထားခဲ့ပါတယ်”ဟု ဇာဒါရီက ပြောကြားခဲ့သည်။
ဇူလိုင် ၃၁ ရက်က အာဖဂန်နစ္စတန်၏ မြို့တော်ကဘူးတွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်ကေဒါ ခေါင်းဆောင် အိုင်မန် အယ်ဇဝါဟီရီ သေဆုံးခဲ့ပြီးနောက် တာလီဘန်တို့သည် အယ်ဇဝါဟီရီအား ခိုလှုံခွင့်ပေးထားသည်ဟု အမေရိကန်က ပြောကြားခဲ့ပြီး တာလီဘန်တို့နှင့်ဆွေးနွေးမှုများကို အမေရိကန်က အယုံအကြည်ကင်းမဲ့သွားခဲ့သည်။
လက်ရှိတွင် ပါကစ္စတန်နိုင်ငံတွင်လည်း ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး နိုင်ငံနယ်နိမိတ် သုံးပုံတစ်ပုံရေလွှမ်းခဲ့ကာ လူပေါင်းသန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး နိုင်ငံတကာ၏ကူညီမှုများကို လိုအပ်နေသည်။ စက်တင်ဘာ ၂၆ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဇာဒါရီနှင့်တွေ့ဆုံခဲ့ရာတွင် ပါကစ္စတန်ကို ကာလကြာရှည်ထောက်ပံ့သွားမည်ဟု ကတိပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
