ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အနည်းငယ်ကို တွေ့ရှိခြင်းနှင့်ပတ်သက်၍ အာဏာပိုင်များက ရှောင်တခင်လော့ဒေါင်းချကြောင်း ကြေညာခဲ့ပြီးနောက် တရုတ်တောင်ပိုင်းနည်းပညာဗဟိုချက်ဖြစ်သည့် ရှန်ကျန်းမြို့တွင် ရှားရှားပါးပါးဆန္ဒပြပွဲ၌ လူအများအပြားပါဝင်ခဲ့သည်ဟု လူမှုမီဒီယာတွင် တင်ထားသော ဗီဒီယိုများတွင် မြင်ရသည်။
လူ ၁၈ သန်းကျော်နေထိုင်ရာ ဧရာမမြို့ကြီးတွင် စက်တင်ဘာ ၂၇ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဦးရှိကြောင်းတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သည်ဆိုသော်လည်း တရုတ်အစိုးရက ကိုဗစ်ကင်းစင်ဗျူဟာကို ခိုင်ခိုင်မာမာကျင့်သုံးနေသောကြောင့် အာဏာပိုင်များက ခရိုင်သုံးခုရှိ ပြည်သူများနေအိမ်တွင် နေကြရန် ညွှန်ကြားထားဆဲဖြစ်သည်။
အာဏာပိုင်များသည် ရှေ့လတွင် ပေကျင်း၌ ကျင်းပမည့်အရေးပါသော နိုင်ငံရေးအစည်းအဝေးပွဲမတိုင်မီ ကူးစက်မှုများကို လျင်မြန်စွာထိန်းချုပ်ရန် ဖိအားပေးခံနေရသည်။
စက်တင်ဘာ ၂၆ ရက်ကတည်း Instagram နှင့် တရုတ်လူမှုမီဒီယာ Weibo တို့တွင် ပျံ့နှံ့နေသော ဗီဒီယိုများ၌ ကိုဗစ်လော့ဒေါင်းများ ရုပ်သိမ်းရေးကို ကြွေးကြော်နေကြသူများကို တွေ့ရပြီး ဆေးဘက်ဆိုင်ရာအကာအကွယ်ဝတ်စုံဝတ်ရဲများက တန်းစီ၍ ၎င်းတို့ကို ကြည့်နေပုံအား မြင်တွေ့ရသည်။
“ရဲတွေက လူတွေကို ရိုက်နေတယ်” ဟု အမျိုးသမီးတစ်ဦး အော်နေပုံကို ဗီဒီယိုတစ်ခုတွင် မြင်တွေ့ရသည်။
ဆန္ဒပြပွဲသည် ရှန်ကျန်းအုပ်ချုပ်ရေးအဖွဲ့အခြေစိုက်ရာ ဖူကျန်ခရိုင်ရှိ ရှားဝေရပ်ကွက်တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု အေအက်ဖ်ပီသတင်းဌာနက အတည်ပြုခဲ့သည်။
ကူးစက်ရောဂါ တားဆီးထိန်းချုပ်ရေးအတွက် ရှားဝေမြေအောက်ရထားဘူတာကို စက်တင်ဘာ ၂၆ ရက် ည၁၀ နာရီမှစတင်ကာ နောက်ထပ်ကြေညာချက် မထုတ်မချင်း ပိတ်ထားမည်ဟု မြို့၏မြေအောက်ရထားလုပ်ငန်းက ထုတ်ပြန်ခဲ့သည်။
ဖူကျန်၊ လောင်ဟူနှင့် လောင်ကန်းခရိုင် သုံးခုရှိ အန္တရာယ်မြင့်မားသော အနည်းဆုံးဒေသ ၁၄ ခုကို စက်တင်ဘာ ၂၇ ရက်တွင် လော့ဒေါင်းချခဲ့ရာ ထိုနေရာရှိနယ်ခံများမှာ အိမ်တွင် နေထိုင်ကြရမည်ဟုဆိုသည်။ ယခုလော့ဒေါင်းသည် လူဦးရေမည်မျှအပေါ် သက်ရောက်မလဲဆိုသည်ကို ကျန်းမာရေးတာဝန်ရှိသူများက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
အခြားရပ်ကွက် ၁၅ ခုကို အလယ်အလတ်အန္တရာယ်ရှိ ရပ်ကွက်များအဖြစ်သတ်မှတ်ခဲ့ပြီး ထိုရပ်ကွက်များတွင် နေထိုင်သူများမှာ ၎င်းတို့နေထိုင်ရာ အိမ်ရာဝင်းများထဲတွင် လမ်းလျှောက်ခွင့်ရှိသည်ဟု ဆိုသည်။
ဟောင်ကောင်နှင့် ကပ်လျက်ရှိသော ရှန်ကျန်းမြို့သည် စာသင်ကျောင်းများ၊ ဖျော်ဖြေရေးနေရာများ သီတင်းပတ်ပေါင်းများစွာ ပိတ်ထားခဲ့ရသည့် တင်းကျပ်သော ကိုဗစ်လော့ဒေါင်းမှ စက်တင်ဘာလအစောပိုင်းတွင် လွတ်မြောက်ခဲ့သော မြို့ဖြစ်သည်။
၂၄ နာရီအတွင်း ကိုဗစ်ဆေးစစ်မှုခံယူရာတွင် Negative အဖြေထွက်ခဲ့သူများဖြစ်ပါက ၎င်းတို့ကို ဆေးရုံများအပါအဝင် ပြည်သူ့ဝန်ဆောင်မှုများကို အသုံးပြုခွင့်ပေးခြင်း၊ စားသောက်ဆိုင်များကို ဝင်ခွင့်ပေးခြင်းတို့ရှိခဲ့ကာ ပြည်သူသယ်ယူပို့ဆောင်ရေးကို အသုံးပြုခွင်ပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
