ပြီးခဲ့သည့်စနေနေ့က ဆားဘီး ယားနှင့် ပေါ်တူဂီအသင်းတို့ကစားခဲ့သည့်ပွဲတွင် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို၏နောက်ဆုံးမိနစ်အနိုင်ဂိုးကို ငြင်းပယ်ခဲ့သူ နယ်သာလန်ဒိုင်လူကြီး မက်ကီလီအား ''သူခိုး''ဟု ပေါ်တူဂီမီဒီယာများက
စွပ်စွဲခဲ့ကြောင်း သိရသည်။
ယင်းပွဲတွင် ဧည့်သည်ပေါ်တူဂီက ဒီယိုဂိုဂျိုတာ၏သွင်းဂိုးနှစ်ဂိုး (၁၁၊ ၃၆ မိနစ်) ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း (၄၆) နှင့် (၆၀) မိနစ်တွင် ချေပဂိုး(၂)ဂိုး ပြန်လည်ခွင့်ပြုခဲ့ရသည်။
ပွဲပြီးခါနီး အချိန်ပိုနောက်ဆုံးမိနစ်တွင် နူနိုမန်ဒက်စ်၏ပေးပို့မှုမှတစ်ဆင့် စီရော်နယ်လ်ဒိုက ဂိုးသွင်းယူရာ ဆားဘီးယားနောက်ခံလူ မီထရိုဗစ် ရှင်းထုတ်သော်လည်း ဘောလုံးမှာ သိသိသာသာ ဂိုးစည်းကျော်လွန်သွားခဲ့သည်။
သို့သော် နယ်သာလန်ဒိုင်လူကြီး မက်ကီလီက ပွဲကိုရပ်ဆိုင်းခဲ့သလို VAR ဖြင့် ပြန်လည်ကြည့်ရှုခြင်းလည်း မရှိကြောင်း သိရသည်။
ထို့ပြင် ယင်းဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် စည်းကြပ်ဒိုင်ကို စောဒကတက်ခဲ့သည့် စီရော်နယ်လ်ဒိုကိုလည်း မက်ကီလီက အဝါကတ်ပြသခဲ့သည်။
ထို့ကြောင့် ပေါ်တူဂီအခြေစိုက် Record သတင်းစာက ''သူခိုး''ဟု အဓိပ္ပာယ်ရသောစာသားဖြင့် နောက်ကျောဖုံးသတင်းအဖြစ်လည်းကောင်း၊ A BOLA သတင်းစာက ''အရှက်မရှိခြင်း''ဟုလည်းကောင်း၊ O Jogo သတင်းစာက ''VAR၊ ချစ်စရာကောင်းတဲ့ VAR''ဟုလည်းကောင်း မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ကွင်းအတွင်းမှထွက်ခွာစဉ် အသင်းခေါင်းဆောင်လက်ပတ် လွှင့်ပစ်ခဲ့သည့် စီရော်နယ်လ်ဒိုကလည်း နိုင်ငံအတွက် အစွမ်းကုန်ဆက်လက်ပေးဆပ်သွားမည်ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်မှာ တစ်နိုင်ငံလုံးအတွက် နစ်နာသလို ခံစားရကြောင်း Instagram မှတစ်ဆင့် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
