ဟံသာ၀တီယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင် ချစ်ဘိုဘိုငြိမ်းသည် မတ် ၂၇ ရက်နံနက်ပိုင်းက ဆန္ဒထုတ်ဖော်မှုတွင် အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ချစ်ဘိုဘိုငြိမ်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်ရွာမတွင်ပြုလုပ်သည့် ဆန္ဒထုတ်ဖော်မှုတွင် ပါ၀င်ခဲ့ပြီး ပစ်ခတ်မှုများကြောင့် ၀မ်းဗိုက်အား ကျည်ဆံထိမှန်ကာ အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ အလားအလာရှိသည့် လူငယ်ဘောလုံးသမားတစ်ဦး အသက်ဆုံးရှုံးခဲ့ခြင်းအတွက် မြန်မာ့ဘောလုံးလောကမှ နည်းပြများ၊ ကစားသမားများက လူမှုကွန်ရက်တွင် ၀မ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ကြသည်။
ချစ်ဘိုဘိုငြိမ်းသည် ၂၀၁၇ ခုနှစ်ကတည်းက ဟံသာ၀တီလူငယ်အသင်းသို့ ရောက်ရှိခဲ့ပြီး ဟံသာ၀တီ ယူ-၁၉ အသင်း၊ ဟံသာ၀တီ ယူ-၂၁ အသင်းတို့တွင် အသင်းခေါင်းဆောင်အဖြစ် ပါ၀င်ကစားခွင့်ရခဲ့သူဖြစ်သည်။ ချစ်ဘိုဘိုငြိမ်းသည် ပြီးခဲ့သည့်ရာသီတွင် ဟံသာ၀တီ ယူ-၂၁ အသင်းတွင် ပါ၀င်ကစားခဲ့ပြီး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
