လီဗာပူးလ်အသင်းသည် ဘက်တစ်ကွင်းလယ်လူ ဂွီဒိုရိုဒရီဂွက်ဇ်ကို ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
လီဗာပူးလ်အသင်းသည် လာမည့်နွေရာသီတွင် အသင်းနှင့်လမ်းခွဲရန် နီးစပ်နေသည့် ကွင်းလယ်ကစားသမား ၀ိုင်နယ်လ်ဒမ်း၏နေရာတွင် အစားထိုးရန်အတွက် ဂွီဒိုရိုဒရီဂွက်ဇ်ကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် အသက် (၂၆)နှစ်အရွယ်ရှိ အာဂျင်တီးနားကွင်းလယ်လူ ဂွီဒိုရိုဒရီဂွက်ဇ်ကို ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် အာဆင်နယ်အသင်းလည်း ခေါ်ယူရန် စိတ်ဝင်စားနေရာ လီဗာပူးလ်အသင်းအနေဖြင့် အာဆင်နယ်အသင်းနှင့်အပြိုင် ကြိုးပမ်းရဖွယ်ရှိနေသည်။
ဂွီဒိုရိုဒရီဂွက်ဇ်သည် ဘက်တစ်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ၎င်း၏စာချုပ်လျော်ကြေးမှာ ပေါင်(၆၉)သန်းဖြစ်ကြောင်း သိရှိရသည်။
သို့သော် ဘက်တစ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ၎င်းကို သင့်လျော်သည့်စျေးဖြင့် ရောင်းချဖွယ်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
