ဒိန်းမတ်နိုင်ငံတွင် လက်ခံကျင်းပမည့် ယူရို-၂၀၂၀ ပွဲစဉ်များကို ပရိသတ်များ ကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် တစ်နှစ်ရွှေ့ဆိုင်းထားရသည့် ယူရို-၂၀၂၀ ပြိုင်ပွဲကို ဇွန်လ (၁၁)ရက်မှ ဇူလိုင်လ (၁၁)ရက်အထိ ဥရောပနိုင်ငံ (၁၂)နိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။
သို့သော် ကိုရိုနာဗိုင်းရပ်စ်မှာ လက်ရှိအချိန်အထိ ရှိနေသေးသည့်အတွက် ဥရောပနိုင်ငံ တော်တော်များများတွင် ဘောလုံးပွဲစဉ်များကို ကွင်းပိတ်ကစားနေရဆဲဖြစ်သည်။
သို့သော် ယူရို-၂၀၂၀ ပြိုင်ပွဲ၏ ပွဲစဉ်(၄)ပွဲ လက်ခံကျင်းပသွားမည့် ဒိန်းမတ်နိုင်ငံ၏ မြို့တော် ကိုပင်ဟေဂင်မြို့တွင် အနည်းဆုံးပရိသတ်(၁၁၀၀၀)ကို ဝင်ရောက်ကြည့်ရှုခွင့်ပြုမည်ဟု ဒိန်းမတ်အစိုးရက အတည်ပြုခဲ့ခြင်းဖြစ်သည်။
UEFA သည် ယူရို-၂၀၂၀ ပြိုင်ပွဲ လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံ (၁၂)နိုင်ငံအား ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ပေးနိုင်မည့် အခြေအနေနှင့်ပတ်သက်၍ ဧပြီလ(၇)ရက် နောက်ဆုံးထား၍ အကြောင်းပြန်ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
