ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့်နွေရာသီတွင် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် တောင်ပံကစားသမား ဗက်ဇ်ကေးကို ခေါ်ယူနိုင် ရန် အလားအလာအကောင်းဆုံးဖြစ်နေကြောင်း သိရသည်။
အသက် (၂၉)နှစ်အရွယ်ရှိ စပိန်တောင်ပံကစားသမား ဗက်ဇ်ကေးသည် ယခုရာသီကုန်တွင် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုမရှိသေးကြောင်း သိရသည်။
ထို့ကြောင့် ဗက်ဇ်ကေးအနေဖြင့် လာမည့်နွေရာသီတွင် အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာဖွယ်ရှိနေပြီး ၎င်းကို ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် စပါးနှင့် အဲဗာတန်အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။
သို့သော် ဗက်ဇ်ကေးသည် ဆုဖလားများ ရရှိရန်အတွက် အာမခံချက်ပိုရှိသည့် ဘိုင်ယန်မြူးနစ်အသင်းကို ဦးစားပေးရွေးချယ် ဖွယ်ရှိကြောင်း AS က ဖော်ပြခဲ့သည်။
ဗက်ဇ်ကေးသည် ရီးယဲလ်အသင်းအတွက် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၃၇)ပွဲကစားပြီး (၂၆)ဂိုးသွင်းယူပေးထားကာ အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား (၃)ကြိမ်၊ လာလီဂါချန်ပီယံဆု (၂)ကြိမ်အပါအဝင် ဆုဖလား (၁၂)လုံးအထိ ရယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
