ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဖရန့်ဖတ်တိုက်စစ်မှူး အန်ဒရေဆေးလ်ဗားအား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌသစ် လာပေါ်တာသည် လာမည့်နွေရာသီတွင် အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။
လက်ရှိတွင် ဘာစီလိုနာအသင်းအနေဖြင့် ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာနှင့် မန်စီးတီးနောက်ခံလူ အဲရစ်ဂါစီယာတို့ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီဟု သတင်းများထွက်နေပြီး ယခုအခါ အသင်းတိုက်စစ်ပိုင်းကိုပါ အားဖြည့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဂျာမန်သတင်းစာ Bild ၏ ဖော်ပြမှုအရ ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရသော်လည်း အန်ဒရေဆေးလ်ဗားကို ခေါ်ယူရန် အနီးကပ်စောင့်ကြည့်နေကြောင်း သိရှိရသည်။
အသက် (၂၅)နှစ်အရွယ်ရှိ ပေါ်တူဂီတိုက်စစ်မှူး အန်ဒရေဆေးလ်ဗားသည် ယခုရာသီတွင် ဖရန့်ဖတ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၆)ပွဲတွင် (၂၂)ဂိုးအထိ သွင်းယူပေးထားသည်။
ဘာစီလိုနာအသင်းသည် အသင်းတိုက်စစ်ပိုင်းတွင် ပုံမှန်ခြေစွမ်းရရန်ရုန်းကန်နေရသည့် ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းကို ရောင်းထုတ်ရန် စီစဉ်နေပြီး ၎င်းနေရာတွင် အစားထိုးရန်အတွက် အန်ဒရေဆေးလ်ဗားနှင့် လိုင်ယွန်တိုက်စစ်ကစားသမား ဒီပိုင်းတို့ကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
