စီးရီးအေသို့ ပြန်လည်ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မိမိအနေဖြင့် PSG အသင်းတွင် ပျော်ရွှင်နေကြောင်း အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီက ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ အီကာဒီသည် ယခုရာသီတွင် PSG အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ၎င်းကို ခေါ်ယူရန် စီးရီးအေထိပ်သီးကလပ်များဖြစ်သည့် ဂျူဗင်တပ်စ်နှင့် ရိုးမားအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။
သို့သော် အီကာဒီက PSG အသင်းတွင် ကစားရသည်မှာ ဂုဏ်ယူစရာဖြစ်ပြီး အသင်းနှင့်အတူ အောင်မြင်မှုများ ရယူသွားရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
"PSG အသင်းကို စရောက်ကတည်းက အသင်းနိုင်ပွဲတွေ ရအောင် ကူညီဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ကို အပြီးသတ်ခေါ်ယူခဲ့တဲ့အတွက်လည်း PSG အသင်းကို ကျေးဇူးတင်ပါတယ်။ ဒီအသင်းမှာ ကစားခွင့်ရတာဟာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာဖြစ်ပါတယ်။ ဒီမှာ ကျွန်တော့်အတွက် အားလုံးအဆင်ပြေပါတယ်။ PSG အသင်းဟာ ဆုဖလားတွေ နှစ်စဉ်နှစ်တိုင်း ဆွတ်ခူးနိုင်တဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလည်း အောင်မြင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ PSG အသင်းမှာ ပျော်ရွှင်နေပြီး အသင်းနဲ့အတူ ဆုဖလားတွေ ထပ်မံရယူသွားဖို့ မျှော်လင့်ထားပါတယ်"ဟု ပြောကြားခဲ့သည်။
အီကာဒီသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် အင်တာမီလန်အသင်းမှ PSG အသင်းထံသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြနိုင်သဖြင့် အငှားစာချုပ်ပြည့်မြောက်ပြီးနောက် PSG အသင်းက ၎င်းကို ယူရိုသန်း (၆၀)ဖြင့် အပြီးသတ်ခေါ်ယူခဲ့သည်။
သို့သော် အီကာဒီသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၉)ပွဲတွင် (၇)ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
