မန်ယူအသင်း၏နည်းပြအဖွဲ့မှ နုတ်ထွက်ခဲ့သည့် အသင်းကွင်းလယ်လူဟောင်း နစ်ကီဘတ်သည် မန်ယူအသင်းဖော်ဟောင်းတိုက်စစ်မှူး ရွန်နီ ကိုင်တွယ်နေသည့် ဒါဘီအသင်းထံ ရောက်ဖွယ်ရှိကြောင်း သိရသည်။
နစ်ကီဘတ်သည် မန်ယူအသင်းတွင် ၁၉၉၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ပါဝင်ကစားခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် မန်ယူအသင်းသို့ နည်းပြ အဖွဲ့ဝင်တစ်ဦးအဖြစ် ပြန်လည်ရောက်ရှိလာခဲ့သည်။
နစ်ကီဘတ်သည် မန်ယူအသင်း၏ နည်းပြ အဖွဲ့တွင် တာဝန်အမျိုးမျိုးဖြင့် ဖြတ်သန်းခဲ့ပြီး နောက်ဆုံးရာထူးမှာ ပထမအသင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲဖြစ်ကြောင်းသိရသည်။
နစ်ကီဘတ်သည် မန်ယူအသင်း၌ နည်းပြဘဝကို (၉)နှစ်ကြာ ဖြတ်သန်းခဲ့ပြီးဖြစ်သော်လည်း မထင်မရှားသာ ရှိနေခဲ့ခြင်းကြောင့် ယခုကဲ့သို့ နုတ်ထွက်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။
The Athletic သတင်းစာက နစ်ကီဘတ် နုတ်ထွက်ခဲ့ခြင်းမှာ ၎င်းင်းမျှော်မှန်းထားသော အား ကစားဒါရိုက်တာရာထူးနှင့် နည်းစနစ်ဒါရိုက်တာရာထူးများကို မရရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။
နစ်ကီဘတ်သည် ယခုအခါ ၀ိန်းရွန်နီ ကိုင်တွယ်နေသည့် ဒါဘီအသင်းနှင့် ဆွေးနွေးမှုပြုလုပ်နေကြောင်း သိရသည်။
နစ်ကီဘတ်က စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ရန်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
