ဘာစီလိုနာနောက်ခံလူဟောင်း ပူးယိုးလ်က မက်ဆီကို အသင်းတွင် ဆက်ရှိနေစေလိုသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။
အသက် (၃၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် မန်စီးတီးနှင့် PSG အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။
သို့သော် မက်ဆီက မိမိ၏အနာဂတ်ကို ယခုရာသီကုန်တွင်မှ ဆုံးဖြတ်မည်ဟု ဆိုထားပြီး ပူယိုးလ်က အသင်းဖော်ဟောင်း မက်ဆီအတွက် ဘာစီလိုနာအသင်းမှာ အကောင်းဆုံးနေရာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပူယိုးလ်က "သိပ်မကြာခင်က မက်ဆီနဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ သူ့အနေနဲ့ အစစအရာရာ အဆင်ပြေနေပြီး စိတ်အားထက်သန်နေတာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ သူ့ကို ဘာစီလိုနာအသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်။ ဘာစီလိုနာက မက်ဆီအတွက် အကောင်းဆုံးနေရာလို့ ကျွန်တော် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌသစ် လာပေါ်တာကလည်း မိမိအနေဖြင့် မက်ဆီကို အသင်းတွင် ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း အသင်းပရိသတ်များကို ကတိပေးပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
