ဒေါ့မွန်အသင်းသည် အသင်းတိုက်စစ်မှူး ဟော်လန်းကို ယူရိုသန်း (၁၈၀)ရလျှင် လာမည့်နွေရာသီတွင် ရောင်းထုတ်မည်ဖြစ်ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
အသက် (၂၀)အရွယ်ရှိ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းသည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆာလ်ဇ်ဘာ့ဂ်အသင်းမှ ဒေါ့မွန်အသင်းသို့ ယူရိုသန်း (၂၀)ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
ဟော်လန်းသည် ဒေါ့မွန်အသင်းတွင် ထိပ်တန်းအဆင့်ခြေစွမ်းကို ပြသနိုင်ခဲ့ကာ အသင်းအတွက် ပြိုင်ပွဲစုံ (၄၉)ပွဲတွင် (၄၉)ဂိုးအထိ သွင်းယူထားသည်။
ဒေါ့မွန်အသင်းနှင့် ချုပ်ဆိုထားသည့် ဟော်လန်း၏ စာချုပ်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ အဆိုပါစာချုပ်တွင် ဒေါ့မွန်အသင်းအနေဖြင့် လာမည့် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဟော်လန်းအား စာချုပ်လျော်ကြေး ယူရို (၇၆)သန်း ရရှိပါက အသင်းမှထွက်ခွာခွင့်ပြုရမည်ဆိုသည့်အချက်ပါဝင်ကြောင်း သိရသည်။
သို့သော် ဒေါ့မွန်အသင်းအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့မည်ဆိုပါက ဟော်လန်းသည် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။
ထို့ကြောင့် ဒေါ့မွန်အသင်းသည် လာမည့်နွေရာသီတွင် ဟော်လန်းအား ရောင်းချရမည်ဆိုပါက ယူရိုသန်း (၁၈၀)ရမှသာလျှင် ရောင်းထုတ်မည်ဟု စျေးနှုန်းသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ESPN က ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဒေါ့မွန်အသင်းတွင် ခြေစွမ်းပြနေသည့် ဟော်လန်းအား ခေါ်ယူရန် မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ ချယ်လ်ဆီးနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
