ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ခြစားမှု၊ ကျင့်ဝတ်ချိုးဖောက်မှုများကြောင့် ဘောလုံးလောကနှင့် ပတ်သက်ခွင့် (၆) နှစ် ပိတ်ပင်ထားသည့် ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာအား နောက်ထပ် ကျင့်ဝတ်ချိုးဖောက်မှုအသစ်များ တွေ့ရှိရသဖြင့် ဘောလုံးလောကနှင့် ပတ်သက်ခွင့်ကိုလည်း နောက်ထပ် (၆)နှစ် နှင့် (၈)လ ထပ်မံပိတ်ပင်ခဲ့ပြန်ကြောင်း သိရှိရသည်။
ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လာ မည့် အောက်တိုဘာလတွင် အရေးယူပိတ်ပင်ခံထားရမှု ပြည့်မြောက်တော့မည့် ဘလတ္တာအား ယခုကဲ့သို့ ထပ်မံ ပိတ်ပင်ခဲ့ရာတွင် ဥက္ကဋ္ဌ ရာထူးကို လက်ခံဆောင်ရွက်ခဲ့သည့် နောက်ဆုံး (၄)လအတွင်း အာဏာအလွဲသုံးစားလုပ် ကာ စုစုပေါင်း ပေါင် (၁၈) သန်းကျော်ကို လက်ခံရယူခဲ့ကြောင်း တွေ့ရှိရခြင်းက အဓိကကျခဲ့ပြီး၊ အခြားတွေ့ရှိမှု အဖြစ် ဘလတ္တာသည် ဝန်ထမ်းစာချုပ်များကိုလည်း အမျိုးမျိုး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဘလတ္တာ အပြင် ၎င်းနှင့် ပူးတွဲဆောင်ရွက်ခဲ့သည့် အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဂျရုမ်းဗယ်လ်ကေကိုလည်း ဘလတ္တာနှင့် ကာလတူ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ဖီဖာ၏ ထုတ်ပြန်ကြေညာမှုတွင် "မစ္စတာဘလတ္တာ၊ ဗယ်လ်ကေတို့နဲ့ ပတ်သက်လို့ စွပ်စွဲချက်အမျိုးမျိုးကို စုံစမ်းစစ်ဆေးခဲ့ရာမှာ အာဏာအလွဲသုံးစားပြုလုပ်မှုများစွာနဲ့ ခြ စားမှုတွေကို တွေ့ရှိခဲ့ရပါတယ်။ ဘလတ္တာဟာ ဖီဖာရဲ့ ထိပ်တန်းရာထူးတွေအတွက် ဝန်ထမ်းခန့်အပ်မှုတွေ၊ ဆုကြေး ငွေပေးချေမှုတွေနဲ့ ပတ်သက်ပြီး ငွေကြေးလက်ခံရယူမှု တွေရှိခဲ့ပြီး စာချုပ်တွေကို ပြင်ဆင်ပေးခြင်း၊ တိုးချဲ့ခြင်းတို့ ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာ ဒီအတွက် အရေးယူ ပိတ်ပင်ခံရမှာဖြစ်သလို၊ ဖီဖာရဲ့ ဥပဒေရေးရာ ကုန်ကျစ ရိတ်တွေကိုလည်း ပြန်လည်ပေးဆပ်ရပါမယ်"ဟု ပါရှိခဲ့သည်။
အသက် (၈၅)နှစ်အရွယ်ရှိပြီဖြစ်သည့် ဘလတ္တာသည် ယခင်အရေးယူမှုတွင် (၈)နှစ်ပိတ်ပင်ခံရသော်လည်း (၆)နှစ်အထိ လျှော့ချခံရပြီးမှ ယခု အရေးယူမှုသစ်တွင် ပြစ်ဒဏ်ထပ်မံချမှတ်ခံရခြင်းလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
