စပိန်သတင်းစာ AS က ရီး ယဲလ်အသင်းတွင် ဘန်ဇီမာ၊ ဘေးလ်၊ စီရော်နယ်လ်ဒိုတို့၏ နာမည်ကျော် BBC တိုက်စစ်အတွဲကို ပြန်လည်မြင်တွေ့ရဖွယ်ရှိသည်ဟု သုံးသပ်ဖော်ပြခဲ့သည်။
အဆိုပါ BBC တိုက်စစ်အတွဲ မှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ ပေါင်းစပ်ထားသော ဘာစီလိုနာအသင်း၏ MSN တိုက်စစ်အတွဲနှင့်အပြိုင် နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်တွင်မူ ရီးယဲလ်အသင်းတွင် တိုက်စစ်မှူး ဘန်ဇီမာ တစ်ဦးတည်းသာ ကျန်ရှိခဲ့သည်။
စီရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သလို၊ ဂါရတ်ဘေးလ်က စပါးအသင်းထံ အငှားသွားရောက်ကစားနေခြင်းဖြစ်သည်။
သို့သော် ယခုအခါ စီရော်နယ်လ်ဒိုကို ရီးယဲလ်အသင်းက ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသလို၊ ဘေးလ်ကလည်း ရီးယဲလ်အသင်းတွင် ပြန် ကစားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည့်အတွက် BBC တိုက်စစ်အတွဲကို ပြန်လည်မြင်တွေ့ ရနိုင်သည်ဟု AS က သုံးသပ်ခဲ့ခြင်း ဖြစ်သည်။
ရီးယဲလ်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ဘေးလ်က ၎င်းင်း၏အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းမှုကို "ကျွန်တော် စပါးအသင်းကို ရောက်လာရတဲ့ အဓိကအကြောင်းပြချက်က ဘောလုံး ကစားရဖို့ပါ။ ပြီးတော့ ယူရိုမှာ ကစားခွင့်ရချင်တာကြောင့်ပါ။ ကျွန်တော့်ရဲ့ မူလအစီအစဉ်က စပါးမှာ တစ်ရာသီကစားပြီး လက်ကျန်စာချုပ်သက်တမ်းကို ရီးယဲလ်မှာ ကုန်ဆုံးဖို့ပါပဲ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
